နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ ပြည်သူလူထုထံ အသိပေးလိုသောအချက်များ

ပြည်သူလူထုထံ အသိပေးလိုသောအချက်များ             နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ အရိုးအကြောရောဂါလူနာများနှင့် ထိခိုက်ဒဏ်ရာလူများအား လက်ခံ၍ ဌာနမှူးပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများမှလိုအပ်သော ကုသမှုများနှင့် ခွဲစိပ်ကုသမှုများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။         ရောဂါရှာဖွေရေးနှင့်ပတ်သက်၍လည်း ဓါတ်ခွဲဌာနမှ  Haematology၊ Biochemistry၊ Serology၊Microbiology၊Histopathology စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်း များဆောင်ရွက်ပေးလျှက်ရှိပါသည်။         ဓါတ်မှန်ဌာနမှလည်း 128 Slice CT Scan၊ 0.4. Tesla MRI ၊ Digital X-ray ၊ Mannual X-ray ၊ Ultrasound စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးလျှက် ရှိပါသည်။ နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ များတွင် လူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးပါသည်။ အကြောအဆစ်ဌာနမှလည်း လူနာများအား … Read more

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

အရေးပေါ်ဌာနအား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် လူနာများ အချိန်မရွေး လာရောက်ဆေးကုသမှုခံယူနိုင်ပါကြောင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးလုပ်ငန်း(ARV)အား အရေးပေါ်ဌာနတွင် နေ့စဉ် ပိတ်ရက်မရှိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း ဆီးချိုရောဂါ လူနာများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဆေးကုသမှုအား အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် ဆီးချိုအထူးကုဌာနအား ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence)နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် OSCC (One Stop Crisis Centre)အား ဖွင့်လှစ်ထားပါကြောင်း လူနာများအတွက် ဆေးကုသရာတွင် အဆင်ပြေမှုရှိစေရန် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ အချိန်မရွေး (၂၄)နာရီ နှောင့်နှေးမှုမရှိစေဘဲ ဝယ်ယူနိုင်ရန်အတွက် ဆေးရုံအထောက်အကူပြု ဆေးဆိုင်အား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် … Read more

နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် ရောဂါအထူးကု ဆေးရုံကြီး 

• နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါအထူးကု ဆေးရုံကြီးအနေဖြင့် ပြည်သူများ၏ မျက်စိနှင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများအား အရည်အသွေးပြည့်ဝသည့် ကုသမှုများရရှိစေရေးဆောင်ရွက်ပေးလျက်ရှိပါသည်။• မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါမှာ အတွင်းတိမ်ရောဂါဖြစ်ပြီး မျက်စိကွယ်ခြင်း၏ အဓိကအကြောင်းရင်းမှာလည်း အတွင်းတိမ်ရောဂါကြောင့်ပင်ဖြစ်ပါသည်။• မျက်စိအတွင်းပိုင်း ရေဖိအား ပုံမှန်ထက်များလာခြင်းကြောင့် မျက်စိအာရုံကြောထိခိုက်ပျက်စီး၍ ရေတိမ်ရောဂါဖြစ်ပွားတတ်ပါသည်။• အတွင်းတိမ်ရောဂါနှင့် ရေတိမ်ရောဂါဖြစ်ပွားလျှင် စောစီးစွာသိရှိပြီး ကုသမှုခံယူပါက အမြင် အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ပါသည်။ ပြင်ပလူနာပြသနိုင်သော အချိန်ဇယား ဌာန ပြင်ပလူနာ ခွဲစိတ်ခန်း အသေးစားခွဲစိတ်မှု မျက်စိ တနင်္လာ  မှ သောကြာနေ့ နံနက် (၈:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ အင်္ဂါ ၊  ဗုဒ္ဓဟူး ၊   ကြာသပတေး … Read more

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်သူသို့အသိပေးလိုသောအချက်များ

အပါတ်စဉ် တနင်္လာနေ့တိုင်း နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီ အထိ ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခွေးကိုက်ခံရသည့်လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် (၂၄) နာရီ ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိတ်ကျန်းမာရေးဌာနနှင့် မူးယစ်ဆေးစွဲရောဂါကုဌာနတွင် မူးယစ်ဆေးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲရောဂါများအား ကုသပေးခြင်းနှင့် မူးယစ်ဆေးအစားထိုးဆေးဝါး ဖြစ်သည့် မက်သာဒုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အစိုးရ ရုံးဖွင့်ရက်များတွင် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်ကုဌာန၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ၏ လက်ရှိဆောင်ရွက် လျက်ရှိသော အခြေအနေကိုတင်ပြခြင်း ပြင်ပလူနာဌာန၏ ကုသမှုအနေဖြင့် အပတ်စဉ် တနင်္လာ နှင့် ဗုဒဟူးနေ့တို့တွင် မနက် (၉) နာရီမှ (၁၂) … Read more

မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်သူသို့ အသိပေးလိုသောအချက်များ

ပြင်ပလူနာပြသနိုင်သောအချိန်ဇယား (ခ)စိတ်အထူးကုပြင်ပလူနာအချိန်ဇယား တနင်္လာနေ့မှ သောကြာနေ့ထိ နံက် (၉)နာီ ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ မိမိဌာနမှ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးလျှက်ရှိသောလုပ်ငန်းများ၊ အသိပေးလိုသည့်အချက် အလက်များနှင့် ထိုဝန်ဆောင်မှုများအားရယူရန်အတွက် လိုအပ်သောအချက်အလက်များနှင့်လျှောက် လွှာပုံစံများ- မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီးအနေဖြင့်- (၁)-    စိတ်ကျန်းမာဆေးရုံတက်လူနာများကို ဆေးသောက်မှန်ကန်စေရန်နှင့်အချိန်မှန်မှန်ဆေးတိုက်ပေးခြင်းများကိုစနစ်တကျကုသစောင့်ရှောက်ပေးလျှက်ရှိပါသည်။ (၂)-     ပြင်ပလူနာများအနေဖြင့်ဆေးကုသခြင်း၊စိတ်ရောကိုယ်ပါပြန်လည်ကောင်းမွန်လာစေရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့်ရက်ချိန်းမှန်ကန်စေရေးတို့အားပြုလုပ်ပေးပါသည်။ (၃)-    ပိုင်ရှင်မဲ့လူနာများအတွက် အစစအရာရာအဆင်ပြေစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ   သည်။          (၄)-    စိတ်ကျန်းမာရေးလူနာများအားကုသရာတွင် မိသားစုများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါသည်။ထို့ကြောင့်ဆေးရုံတက်ပါကလူနာအကြောင်းနားလည်သောမိသားစုဝင်(သို့မဟုတ်) လူနာစောင့်(၁)ဦးစောင့်ရှောက်ရန်လိုအပ်ပါသည်။၎င်းလူနာစောင့်သည် အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲသောသူမဖြစ်ရပါ။ မန္တလေးမြို့၊မူးယစ်ဆေးစွဲရောဂါကုဆေးရုံအနေဖြင့်- (၁)-    မူးယစ်ဆေးစွဲလူနာများကိုအပြတ်ဖြတ်လိုပါကပြင်ပလူနာအနေဖြင့် သောက်ဆေးပေး၍ ကုသမှုပေးထားပါသည်။ပြင်ပလူနာအနေဖြင့် သောက်ဆေးသောက်ပြီးကုသ၍ မပြတ်နိုင်သောလူနာများကို Methadone အစားထိုးဆေးသောက်ရန် ပညာပေး၍လမ်းညွှန်ပေးပါသည်။Methadone ဆေးသောက် သောလူနာများအားဆေးရုံတင်၍ ကုသမှုပေးပါသည်။ (၂)-     Methadone အစားထိုးဆေးသောက်လျှင် အခြားအရက်၊ဘီယာ၊စိတ်ကြွဆေးများနှင့်ရော၍ သုံးစွဲမရကြောင်းပညာပေးပါသည်။ (၃)-      အိပ်မပျော်၊ယင်းထခြင်းစသောကြောင်းအရင်းများဖြစ်ပေါ်ပါကဆရာဝန်နှင့်ဆွေးနွေးပြီးမှသာဆေးစက်တိုး၍ ကုသမှုပေးခြင်း။ … Read more