Surveillance of Hospital Infections and Control (Power point) (300-Beded Teaching Hospital, Mandalay)

Download: surveillance of HAIs (300)MTH
မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှကျေးရွာများသို့ကွင်းဆင်းဆေးကုသခြင်း

မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ဆရာဝန်များ၊ သူနာပြုဆရာမများ ပါဝင်သောအဖွဲ့သည် မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိ ကံသာကုန်းကျေားရွာ၊ ကမ်းနီကျေးရွာ၊ ကညင်ဂဲကျေးရွာများသို့ ၂၀၁၉ ခုနှစ် မေလအတွင်း အခမဲ့ကွင်းဆင်းဆေးကုခရီးများ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ (၁၁-၅-၂၀၁၉) ရက်နေ့တွင် ကံသာကုန်းကျေးရွာ ဆေးကုသခရီးစဉ်တွင် ရွာသူ၊ရွာသား (၂၀၀)ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ(၁၃၆)ဦး အား အခမဲ့ ဆေးကုသခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ (၁၉-၅-၂၀၁၉)ရက်နေ့ ကမ်းနီကျေးရွာ ဆေးကုခရီးစဉ်တွင် ရွာသူ၊ရွာသား (၁၅၀) ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ (၁၃၂)ဦး အား အခမဲ့ ဆေးကုသခြင်း နှင့် (၂၅-၅-၂၀၁၉)ရက်နေ့ ကညင်ဂဲကျေးရွာ ဆေးကုခရီးစဉ်တွင် လူနာ (၄၀)ဦး အား အခမဲ့ ဆေးကုသမှု ပေးခဲ့ကြောင်း […]
Training on Patient Safety ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ကုသမှုအရည်အသွေးမြှင့်တင်ရေးစီမံချက် မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် Training on Patient Safety ကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၉:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ် ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် – မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များအနေဖြင့် မိမိတို့၏ […]
သွားကျန်းမာရေးပညာဌာနခွဲမှ နယ်လှည့်ကွင်းဆင်းဆေးကုခြင်းလုပ်ငန်းများ ဆောင်ရွက်

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ၏ ဦးဆောင်မှုဖြင့် (၂၀၁၉-၂၀၂၀)ပညာသင်နှစ်၊ အားကစားနှင့်ကာယသိပ္ပံ(တောင်ကြီး)ရှိ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများကို (၄-၇-၂၀၁၉)မှ (၅-၇-၂၀၁၉)ရက်နေ့တို့တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသပေးခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ
Training on Promoting Rational Use of Medicines for Health Care Providers in Health Allied Ministries သင်တန်းပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိက ဆေးဝါးစီမံ ချက်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် Training on Promoting Rational Use of Medicines for Health Care Providers in Health Allied Ministries သင်တန်းကို ဝန်ကြီးဌာနအသီးသီးမှ အထွေထွေရောဂါကုဆရာဝန်များဖြင့် (၃၀-၅-၂၀၁၉) မှ (၃၁-၅-၂၀၁၉) ရက်နေ့အထိ (၂) ရက်တာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၀၀) အချိန်တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
