Workshop on SOP and Guideline for Medical Social Workers (Mandalay)

ဆေးလူမှုဆက်ဆံရေးဝန်ထမ်းလုပ်ငန်းလမ်းညွှန် (မူကြမ်း)အပါ် ကြည့်ရှုသုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Workshop on Review and Revision of SOP and Guideline for Medical Social Workers) ဒုတိယအကြိမ် (၂)ရက်တာအလုပ်ရုံဆွေးနွေးပွဲအား သင်တန်းခန်းမ၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၂၃-၇-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပ ဆောင်ရွက်ခဲ့ရာ ဒေါက်တာစုစုဒွေး၊ ဆေးရုံအုပ်ကြီးမှ အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆေးရုံအုပ်ကြီး မှ ပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေဖြင့် လူနာများ၏အရေးကိစ္စအား ဆောင်ရွက်ပေးရာတွင် NGOs, INGOs များနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် တာဝန်ကျရာ ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့ရာ၌ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ အခြေအနေမဲ့ လူနာ များကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ရဲစခန်း၊ ထွေအုပ်၊ … Read more

Workshop on SOP and Guideline for Medical Social Workers (Yangon)

ဆေးလူမှုဆက်ဆံရေးဝန်ထမ်းလုပ်ငန်းလမ်းညွှန် မူကြမ်းအပါ် ကြည့်ရှုသုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Workshop on Review and Revision of SOP and Guideline for Medical Social Workers) ပထမအကြိမ် (၂)ရက်တာအလုပ်ရုံဆွေးနွေးပွဲအား အစည်းအဝေးခန်းမ၊ ခုတင်-၅၀၀ အထူးကုဆေးရုံကြီး၊ ရန်ကုန်တွင် (၂၀-၇-၂၀၂၀)ရက်နေ့တွင် စတင်ကျင်းပ ဆောင်ရွက် ခဲ့ရာ ဆေးရုံအုပ်ကြီး၊ ဒေါက်တာအေးအောင်မှ အမှာစကား ပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပါသည်။ ဆေးရုံအုပ်ကြီးမှပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာ မဟုတ်ဘဲ နိုင်ငံတကာတွင်လည်း ဆောင်ရွက်နေသည့်လုပ်ငန်းဖြစ်ကြောင်း၊ လူနာများ Standard Treatment ရရှိစေရန် စုံစမ်းလေ့လာနေရမည် ဖြစ်ကြောင်း၊ Ethical Issue များကိုလည်းသိရှိပြီး ထိခိုက်မှုရှိ/မရှိ ဆန်းစစ်ရန်လည်း လိုအပ်ကြောင်း၊ ဆရာဝန်၊ သူနာပြုများ အနေဖြင့် လူနာများအား … Read more

စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊နေ့လည် (၁:၀၀)နာရီတွင် ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမ၌  ကုသရေးရေးဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း          အစည်းအဝေးကျင်းပခဲ့ကြပါသည်။ အစည်းအဝေးကို ဒုတိယညွှန်ကြားရေးမှုးချုပ်(စီမံ/ဘဏ္ဍာ)၊ ကုသရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းလုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိသည့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(စီမံကိန်း)မှ စီမံကိန်းလုပ်ငန်းများအား အသေးစိတ်ရှင်းလင်း ပြောကြား၍ ကုသရေးရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများအား စနစ်တကျ အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် စီမံကိန်းများအား အမျိုးသားကျန်းမာရေးစီမံကိန်း National Health Plan(2017-2021) နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan (MSDP) များသို့ ဦးတည်ဆောင်ရွက်ကြရန် စည်းဝေးညှိနှိုင်းခဲ့ကြပါသည်။ ထို့ပြင် ယခုရေးဆွဲ ကြရမည့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်   စီမံကိန်း လုပ်ငန်း … Read more

SARI treatment for Medical Officers ကျင်းပပြုလုပ်ခြင်း

          ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ Online training on SARI Treatment for Medical Officers in the COVID-19 frontline ကို ၂၀၂၀ ပြည့်နှစ် မေလ (၂၉)ရက်နေ့မှ စတင်၍ တစ်ရက်လျှင် တစ်နာရီခွဲ၊ တစ်ပတ်လျှင် (၂)ရက် နှုန်းဖြင့် သင်တန်းချိန် (၈)ချိန် သင်ကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် WHO Regional Office for South-East Asia မှ ကျွမ်းကျင်သူ ဆေးပညာရှင်များက သင်တန်းဆရာများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်၊ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ(ဆေးပညာ) ဒေါက်တာဟိန်းရာဇာအောင်၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ(ဆေးပညာ) ဒေါက်တာအောင်ကျော်သူတို့က Facilitator … Read more

Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ခြင်:

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် Video Conferencing အနေဖြင့် ကျင်းပပြုလုပ် ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို … Read more