မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ရန်ကုန်၊ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel, ရန်ကုန်မြို့၌ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားကျန်းမာရေး စီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ် များနှင့် တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တည်းဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို ရေးဆွဲထားရှိပြီးဖြစ်သော SOP နှင့် Guideline များအား အပြီးသတ် […]
နေပြည်တော်တွင် Consultative Meeting on Development of Referral Guidelines ကျင်းပပြုလုပ်ခြင်း

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အရ Consultative Meeting on Development of Referral Guidelines ကို ၂၀၁၉-ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒေါက်တာသီတာလှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တို့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး /ပြည်နယ်ကုသရေးဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ် ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ကောင်းမွန်သော လူနာညွှန်းပို့စနစ် ပေါ်ပေါက်လာစေရေးအတွက် အမျိုးသားကျန်းမာရေးစီမံကိန်းလက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ […]
ရန်ကုန်အထူးကုဆေးရုံသစ်ကြီး (New Yangon Specialist Hospital)အတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်း(၆)မျိုး ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့် စစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ များ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ် အထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုသရေးဦးစီးဌာန ၃ ခု သို့ ကွင်းဆင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ၊ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ၊ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ကြပါသည်။ • ဆက်လက်၍ ခရိုင်/မြို့နယ်ပြည်သူ့ဆေးရုံ ၆ ရုံအား Check list ဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည် […]
သွားကျန်းမာရေးပညာဌာနခွဲမှ နယ်လှည့်ကွင်းဆင်း ဆေးကုခြင်းလုပ်ငန်းများ ဆောင်ရွက်

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ၏ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ (စံကား) ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ဘုရားတောင် ရေဆိပ်ဘုန်းတော်ကြီးကျောင်းတွင် (၁၃-၁၀-၂၀၁၉) ရက်နေ့မှ (၁၄-၁၀-၂၀၁၉)ရက်နေ့ထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း (၂၅၀)ဦးအား လိုအပ်သည့်ဆေးကုသမှုများကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။
