ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ကွင်းဆင်းစစ်ဆေးခြင်း ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဝင်းဝင်းခိုင်၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့် နှင့် ဌာနခွဲစာရေး ဒေါ်ခင်မာထွေးတို့ သည် (၁၉-၉-၂၀၁၉) ရက်နေ့မှ (၂၁-၉-၂၀၁၉) ရက်နေ့အထိ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးရုံးတွင် မြို့နယ်ကုသရေးဦးစီး ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မိုးကောင်းမြို့နယ်ဆေးရုံနှင့် ဝိုင်းမော်မြို့နယ်ဆေးရုံများသို့ Check List နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများကို များကိုပြုလုပ်ခဲ့ပါသည်။ ကုသရေးဦးစီးဌာန၊စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင် ၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်တင်အောင်၊ ဌာနခွဲစာရေး ဒေါ်ဝါဝါမြင့်နှင့် အကြီးတန်းစာရေး ဒေါ်ငြိမ်းချမ်းလင်း တို့ပါဝင်သောအဖွဲ့သည် (၁၂-၉-၂၀၁၉) ရက်နေ့မှ (၁၄-၉-၂၀၁၉) ရက်နေ့ထိ မွန်ပြည်နယ်၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူး များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ […]
Thanlyin Hospital

Thanlyn Hospital Profile 2018
Training on Evidence-Based Practice in Nursing 1/2019 ကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ သူနာပြုကြီးနှင့် အထက်တန်းသူနာပြု စုစုပေါင်း( ၅၀ ) ဦး တို့အား Training on Evidence-Based Practice in Nursing 1/2019 ကို နေပြည်တော်၊ မင်္ဂလာသိရီဟိုတယ်၌ ( ၅-၉-၂၀၁၉ ) ရက်နေ့ မှ ( ၇-၉-၂၀၁၉) ရက်နေ့ထိ သင်တန်းပို့ချခဲ့ပါ သည်။ ( ၅-၉-၂၀၁၉) ရက်နေ့သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်(ကိုယ်စား)၊ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) မှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိ ( သူနာပြု ) များနှင့် […]
National List of Essential Medicines (NLEM) (2016) စာအုပ်အား Review and Revise ပြုလုပ်ရန် ပထမအကြိမ် Technical Working Group (TWG)အစည်းအဝေးကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက်မှ ထုတ်ဝေခဲ့သော National List of Essential Medicines (NLEM) (2016) စာအုပ်အား Review and Revise ပြုလုပ်ရန် ပထမအကြိမ် Technical Working Group (TWG)အစည်းအဝေးကို TWG အဖွဲ့ဝင်များဖြင့် (၄-၉-၂၀၁၉) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကုသရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် Technical Working Group for Review and Revision of NLEM (2016) ဉက္ကဌ၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ TWG တွင် ပါဝင်သော ဆေးဝါးဗေဒပညာရှင်များ၏ အားထုတ်ကြိုးစားမှုဖြင့် (NLEM) […]
ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ၏ ဦးဆောင်မှုဖြင့် နမ့်ခုံးရှမ်းများပရဟိတအသင်း၊ ရှမ်းပြည်နယ်၊တောင်ကြီးမြို့နှင့် International College of Dentitsအဖွဲ့များနှင့်ပူးပေါင်း၍ ကလောမြို့၊ မဇ္ဈိမယာနလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် (၃၀-၈-၂၀၁၉)ရက်နေ့မှ (၂-၉-၂၀၁၉)ရက်နေ့ထိ ဒေသခံပြည်သူများအား