ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊မီးလောင်ဒဏ်ရာ၊ လည်ပင်းကြီး၊ အဖုအကျိတ် လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုများကို (၁၀-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉)ရက်နေ့အထိဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ လူနာ (၁၆၂)ဦး လာရောက်ပြသခဲ့ကြပြီးလူနာ (၇၉)ဦးအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စည်ပင်/သစ်တော ဝန်ကြီးဒေါက်တာစောညိုဝင်း၊ အတွင်းရေးမှုး ဦးတိုးဝင်းတို့မှ လူနာများအား လာရောက်ကြည့်ရှုအားပေးခြင်း၊ ခွဲစိတ်ကုသမည့်အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့တို့အားတွေ့ဆုံနှုတ်ဆက်ခြင်း၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း ၊ လူနာများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအထူးကုအဖွဲ့သည် (၁၃-၂-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် … Read more

စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရှိ လူနာများသို့ စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန ကျွေးမွေးခြင်း အစီအစဉ် (၄.၂.၂၀၁၉ မှ ၁၇.၂.၂၀၁၉ နေ့အထိ) လာရောက်လှူဒါန်းကြသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

ကလေးဝမြို့၊ ဖေဖော်ဝါရီ (၁၀) ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကျန်းမာရေး၀န်ထမ်းများ နှင့် ဒေသခံပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။ ဆေးရုံ အဆောက်အဦသစ်ဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲပါသည်။ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံအဆောက်အဦသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှု၍ တက်ရောက်ကုသနေသော လူနာများအား ကူညီထောက်ပံ့ခဲ့ပါသည်။