မွန်ပြည်နယ်တွင် Electronic Monthly Implementation Reporting System သင်တန်းပြုလုပ်ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား မွန်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၁၇-၁၁-၂၀၁၉) မှ (၁၉-၁၁-၂၀၁၉) အထိ (၃) ရက် တိုင်အောင် Refresher Training ပြုလုပ်ခဲ့ပါသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Japan Heart အဖွဲ့သည် “Human Resources Development Project for Cleft Lip and Palate Center of Myanmar” အနေဖြင့် ဂျပန်နိုင်ငံမှ သွားနှင့်ခံတွင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် (၉-၁၂-၂၀၁၉) ရက်နေ့မှ (၁၀-၁၂-၂၀၁၉) ရက်နေ့အထိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး-ခုတင် (၃၀၀) တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါသည်။
Hospital Rules Pamphlet

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်ခြင်:

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး)အတွက် ဆရာ/ဆရာမများ(၁၈၀-ဦး)အား အသိပညာပေးဆင့်ပွားသင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် (၃-၁၂-၂၀၁၉) ရက်နေ့တွင် အ.ထ.က(၂) ကျိုင်းတုံမြို့ရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွ သွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း(၂၄၀)ဦးအား လိုအပ်သည့် ဆေးကုသမှု များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြား ရေးမှူး(စီမံကိန်း)၊ ဒေါက်တာရဲမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကုသရေးဉီးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ဒေါက်တာနှင်းမြိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)နှင့် ဒေါ်စန္ဒီမွန်၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ပါဝင်သော အဖွဲ့ဝင်များသည် (၂၈-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ဆေးရုံအား ခုတင်(၅၀)ဆံ့ဆေးရုံမှ ခုတင်(၁၀၀)ဆံ့ဆေးရုံသို့ အဆင့်မြှင့်တင်ရန်နှင့် စိုင်ကောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ အင်းကန် ကျေးရွာ၊ သားမျှားကျေးရွာတို့တွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပေးရန် တင်ပြတောင်းခံခြင်းအပေါ် မြေပြင်တွေ့ရှိချက် များအား စိစစ်သုံးသပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ဆေးရုံ ခုတင်အဆင့်မြှင့်တင်ရန်နှင့် တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်အခြေခံမူများနှင့် ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေး ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။ […]