စစ်ကိုင်းတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း ကျင်းပပြုလုပ်ခြင်း
ကုသရေးဦးစီးဌာန၊ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (15.12.2019) မှ (20.12.2019) ထိ (6)ရက် တိုင်အောင် Refresher Training ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင်ကျန်းမာရေး အသိပညာပေးဟောပြောခြင်:
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင် သွားနှင့်ခံတွင်း ရောဂါဝေဒနာခံစားနေရသော ပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးမြှင့်တင်ရေး လုပ်ဆောင်ချက်များဖြစ်သော သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများအား လိုအပ်သည့်စစ်ဆေးကုသခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင်သည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာတင်တင်အောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ခရိုင် နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ • ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၁-၁၂-၂၀၁၉) ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီခင်နှင့်အတူ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ (၂၂-၁၂-၂၀၁၉) ရက်တွင် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ • ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက -ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။
Training of Trainer on Hospital Reception Services သင်တန်း ကျင်းပပြုလုပ်
ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင်(၁၀၀)ဆံ့နှင့်အထက် ပြည်သူ့ ဆေးရုံများတွင် ဆောင်ရွက်နေသည့် Hospital Reception Services လုပ်ငန်း ပိုမိုပြည့်စုံ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးတို့အား မွမ်းမံသင်တန်းပေး၍ သင်တန်းဆင်းပြီးပါက တိုင်းဒေသကြီး/ပြည်နယ်များတွင် စုရပ်ပြုလုပ်ပြီး Hospital Receptionist ဝန်ထမ်းများ အား ဆင့်ပွားသင်တန်းပြုလုပ်ပေး၍ ဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ သင်တန်းပေးခြင်း ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲအား (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် စတင်ပြုလုပ်၍ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)မှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲတွင် ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ)မှ သင်တန်းဆင်းအမှာစကားပြောကြား၍ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(ပူးတွဲတာဝန်)၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သင်တန်းသို့ […]
