ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး   ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။

Leave a Comment