ပြည်ဆေးရုံကြီးသို့ ကွင်းဆင်းကြည်ရှုစစ်ဆေးခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဒေါက်တာသီတာလှနှင့် ဒေါက်တာကျော်ဇေယျတို့သည် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ပါဝင်လျှက် (၁၁-၆-၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ပြည်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် – Patient Safety and Provider Safety အလေးထားဆောင်ရွက်ရန် – Team Work Balanceဖြစ်အောင် ဆောင်ရွက်ရန် – World Bank ထောက်ပံ့ငွေဒေါ်လာသန်း(၅၀)ဖြင့် ICUအထောက်အပံ့နှင့်ပတ်သက်၍ Specialtyအကုန်ပါဝင်ပြီး ဆွေးနွေးပြီးမှ တိကျသော Decisionပေးရန် – Elective & Emergency Operationများနှင့်ပတ်သက်၍ SOP & Guidelineများ ဆေးရုံတွင် ရေးဆွဲထားရှိရန် – အထူးကု/ပြင်ပလူနာဌာနတွင် Social Distancing ဖြစ်အောင် […]

SOP နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို သုံးသပ်၍ ပြင်ဆင်ရန်၊ […]

စဝ်စံထွန်းဆေးရုံကြီးတွင် COVID-19 ပညာပေးအစီအစဉ်များပြုလုပ်ကျင်းပခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လူနာနှင့်လူနာစောင့်များအား Mask စနစ်တကျ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ စွန့်ပစ်ခြင်းများနှင့် COVID-19 နှင့်ပတ်သက်သော ပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးခရီးစဉ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသီတာလှသည် (၂၁-၂-၂၀၂၀) ရက်နေ့၊ ညနေ(၄:၀၀) နာရီတွင် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့၌  တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ COVID-19 အတွက် Hospital Preparedness အခြေအနေကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။ (၂၂-၂-၂၀၂၀)ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ခရိုင်ပြည်သူ့ဆေးရုံ၊ သရက်မြို့သို့ ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းများ ရုံးတက်/ရုံးဆင်း လက်မှတ် ထိုးရန်၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊  တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is medicine) ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်ရန်၊ အင်္ဂလိပ်စာ တိုးတက်ရေး […]