ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဒေါက်တာသီတာလှနှင့် ဒေါက်တာကျော်ဇေယျတို့သည် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ပါဝင်လျှက် (၁၁-၆-၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ပြည်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင်
– Patient Safety and Provider Safety အလေးထားဆောင်ရွက်ရန်
– Team Work Balanceဖြစ်အောင် ဆောင်ရွက်ရန်
– World Bank ထောက်ပံ့ငွေဒေါ်လာသန်း(၅၀)ဖြင့် ICUအထောက်အပံ့နှင့်ပတ်သက်၍ Specialtyအကုန်ပါဝင်ပြီး ဆွေးနွေးပြီးမှ တိကျသော Decisionပေးရန်
– Elective & Emergency Operationများနှင့်ပတ်သက်၍ SOP & Guidelineများ ဆေးရုံတွင် ရေးဆွဲထားရှိရန်
– အထူးကု/ပြင်ပလူနာဌာနတွင် Social Distancing ဖြစ်အောင် ဆောင်ရွက်ရန်
– ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် ဆေးရုံစီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးများ ပုံမှန်ဆောင်ရွက်ရန်
စသည်တို့ ဆွေးနွေးခဲ့ကြပါသည်။