ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)(၆)လသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီး(၁၂)ရုံတွင်  ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) (၆)လသင်တန်းများကို (၅-၅-၂၀၂၅) ရက်နေ့မှ (၅-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဗဟိုအဆင့်ဆေးရုံကြီး(၈)ရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(၄)ရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား / သူ  (၂၈၉) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သက်ဆိုင်ရာဆေးရုံကြီးများ၌ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

စတုတ္ထနှစ်ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) (၁/၂၀၂၅) သင်တန်းအောင်မြင်သောဘွဲ့ရသစ်လွင်များအားအလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၈-၁၀-၂၀၂၅ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်းအောင်မြင်သော ဘွဲ့ရသစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံ ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက် ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ် တမ်း)များအဖြစ် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို (၈-၁၀-၂၀၂၅)ရက်နေ့တွင် ဆေးဘက် ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ဘွဲ့ရ သစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂) (ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ်တမ်း)များအဖြစ် အလုပ်ခန့်အပ်ခဲ့ပါသည်။

ဆေးဘက်ကျွမ်းကျင်(၃)(ဆေးစပ်)(၆)လ သင်တန်းများ ဖွင့်လှစ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများ/ တိုင်း ဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက် ကျွမ်းကျင်(၃)(ဆေးစပ်)နေရာများ၌ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာန အလိုက် ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်) လစာနှုန်း (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)မှ ဆေးဘက် ကျွမ်းကျင်(၃)(ဆေးစပ်) လစာနှုန်း (၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ) ရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေး အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသော သင်တန်းသားများအား တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီး(၁၅)ရုံတွင် (၁-၉-၂၀၂၅)ရက်နေ့မှစ၍ စာတွေ့(၂)လ၊ မိခင်ဌာန/ဆေးရုံများတွင် လက်တွေ့(၄)လဖြင့် ဆေးဘက်ကျွမ်းကျင်(၃) (ဆေးစပ်) သင်တန်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါသည်။ စဉ် သင်တန်းဖွင့်လှစ်လျက်ရှိသော ဆေးရုံကြီးများ တက်ရောက်လျက်ရှိသော သင်တန်းသားအရေအတွက် ၁ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၁၁)ဦး ၂ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး (၁၁)ဦး ၃ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး (၉)ဦး ၄ […]

စိတ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးဝန်ဆောင်မှုပေးနိုင်ရန်ညွှန်းပို့ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်း ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိငလျင်ဘေးသင့်ပြည်သူလူထုအား စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများအတွက် သေဆုံးသူများ/မိသားစုဝင်များ/ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများကို Focus ထား၍ Psychosocial Support ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ စုပေါင်းဆောင်ရွက်ရန်၊ Referral and Networking to Provide Psychosocial Services  နှင့် Hotline  တည်ထောင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ( ၁-၉-၂၀၂၅) ရက်နေ့မှ (၅-၉-၂၀၂၅) ရက်နေ့အထိ ကုသရေးဦးစီးဌာန၊ အစည်းဝေးခန်းမ(၂)တွင် (၅)ရက် ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး ချုပ်၊ ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ (စိတ်ကျန်းမာပညာ)၊ (ဆေးတက္ကသိုလ်(၁)၊(၂)ရန်ကုန်နှင့်မန္တလေးဆေးတက္ကသိုလ်တို့မှ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ကြီးများ၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဒုတိယတိုင်းဒေသကြီး ကုသရေးနှင့် […]

သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခြင်း

သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို 2025 ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့နှင့် (၇) ရက်နေ့ တို့တွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့တွင် အဆိုပါသင်တန်းဖွင့်ပွဲကို ကျင်းပရာ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က အဖွင့်အမှာစကားပြောကြားပြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သူနာပြုဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ ဗဟို အဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဒုတိယသူနာပြုအုပ်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ)၊ ညွှန်ကြားရေးမှူး(ဝန်ထမ်းရေးရာ)၊ ညွှန်ကြားရေးမှူး (ကုသထောက်ကူ)၊ ညွှန်ကြားရေးမှူး(သူနာပြု) (ငြိမ်း)၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြု)များက သူနာပြုစုမှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး၊ သင်တန်းတက်ရောက်လာသူ ဒုတိယသူနာပြုအုပ်များမှ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ မိမိတို့အတွေ့အကြုံ များကို ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။