၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် e-Government သင်တန်းဆောင်ရွက်ခြင်း

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများအတွက် (၁၉-၁-၂၀၂၆)ရက်နေ့မှ (၂၃-၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ အရာထမ်း/အမှုထမ်း (၆၀)ဦး တက် ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အောက်ရှိ ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများအတွက် (၂၆-၁-၂၀၂၆) ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၄)ဦး၊ စုစုပေါင်းသင်တန်းသား/သူ အရာထမ်း/ အမှုထမ်း (၁၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်မည့် Power BI Software အသုံးပြုပုံနှင့် Advance Microsoft Excel အသုံးပြုပုံတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ တက်ရောက်လာကြသော သင်တန်းသား/သူအရာထမ်းများ မေးမြန်းကြသော မေးခွန်းများကိုလည်း သက်ဆိုင်ရာ […]
နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း

နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း (၁၁-၂-၂၀၂၆)ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာကျော်စိုးမင်း ဦးဆောင်သော ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်အက်စ်ဘန်တောင် တို့ပါဝင်သည့်အဖွဲ့သည် (၁၁-၂-၂၀၂၆ ) ရက်နေ့တွင် နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော ကလေးလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှု၊ ကလေးလူနာများအား ပြုစု စောင့်ရှောက်ပေးမှု တို့ကို အဆိုပါဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး သူနာပြုများမှ မွေးကင်းစကလေးများအား အချိန်ပြည့် ကြည့်ရှုပေးနိုင်မှုကို အားပေးခဲ့ပါသည်။
ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)(၆)လသင်တန်းများပြီးမြောက်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားများကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ဆေးရုံများတွင်ခန့်ထားသော ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)များ ကိုစာတွေ့(၄)လ၊လက်တွေ့(၄)လ စုစုပေါင်း(၆)လသင်တန်းပေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများအစီအစဥ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီး၊ပြည်သူ့ဆေးရုံကြီးများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၉)ဦး၊ ကယားပြည်နယ်တွင် (၄)ဦး၊ ချင်းပြည်နယ်တွင်(၁၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၂၁)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၂၁)ဦး၊ မွန်ပြည်နယ်တွင် (၁၁)ဦး၊ ရခိုင်ပြည်နယ်တွင်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၅၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၈)ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၄၃)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၄၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားများဆောင်ရွက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်) နှင့် ရှမ်းပြည်နယ် (အရှေ့)တို့တွင် သင်တန်းများဆောက်ရွက်နေဆဲဖြစ်ပါသည်။ စဉ် တိုင်းဒေသကြီး/ပြည်နယ် သင်တန်းဖွင့်လှစ်သောဆေးရုံ/ဌာန တက်ရောက်သင်တန်းသား […]
ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)(၆)လသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီး(၁၂)ရုံတွင် ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) (၆)လသင်တန်းများကို (၅-၅-၂၀၂၅) ရက်နေ့မှ (၅-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဗဟိုအဆင့်ဆေးရုံကြီး(၈)ရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(၄)ရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား / သူ (၂၈၉) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သက်ဆိုင်ရာဆေးရုံကြီးများ၌ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
စတုတ္ထနှစ်ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) (၁/၂၀၂၅) သင်တန်းအောင်မြင်သောဘွဲ့ရသစ်လွင်များအားအလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၈-၁၀-၂၀၂၅ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်းအောင်မြင်သော ဘွဲ့ရသစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံ ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက် ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ် တမ်း)များအဖြစ် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို (၈-၁၀-၂၀၂၅)ရက်နေ့တွင် ဆေးဘက် ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ဘွဲ့ရ သစ်လွင်များအား ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနများရှိိ ပြည်သူ့ဆေးရုံကြီးများတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂) (ဓာတ်ခွဲ/ ဓာတ်မှန်/ အကြော/ ဓာတ်ရောင်ခြည်) နှင့် ဒုစာရင်းအင်းမှူး (ဆေးမှတ်တမ်း)များအဖြစ် အလုပ်ခန့်အပ်ခဲ့ပါသည်။
