နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင်ကျန်းမာရေး အသိပညာပေးဟောပြောခြင်:
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင် သွားနှင့်ခံတွင်း ရောဂါဝေဒနာခံစားနေရသော ပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးမြှင့်တင်ရေး လုပ်ဆောင်ချက်များဖြစ်သော သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများအား လိုအပ်သည့်စစ်ဆေးကုသခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူးနုတ်ခွန်းဆက်

(၂၀၁၉-၂၀၂၀) ခု၊ ဘဏ္ဍာရေးနှစ်အတွက် Implementation Research၊ Clinical Research နှင့် Public Health Research သုတေသန အဆိုပြုလွှာ proposal များ နောက်ဆုံးထား ပေးပို့လျှောက်ထားရမည့်ရက် တိုးမြှင့်သတ်မှတ်ခြင်း၊
Download pdf; IR
ထိုင်းနိုင်ငံ Chulabhorn Royal Academy မှ Oncology Courses သင်တန်းသားများခေါ်ယူခြင်း
Download pdf; Thai (Chulabhorn Royal Academy)