Symposium on Patient Safety ကျင်းပပြုလုပ်ခြင်း
(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃)ရက်မှ (၁၇)ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိရာ ညီလာခံ၏ ဆွေးနွေးပွဲတစ်ခုအဖြစ် Symposium on Patient Safety ကို ဆေးသုတေသနဦးစီးဌာန၊ Auditorium 2 ၌ ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက် (၉:၃၀)နာရီမှ မွန်းလွဲ (၁၂:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ခွဲစိတ်) ပါမောက္ခဒေါက်တာအေးမွန်က Surgical Safety အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာခင်ချစ်က Medication Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ … Read more