သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်သူသို့အသိပေးလိုသောအချက်များ

အပါတ်စဉ် တနင်္လာနေ့တိုင်း နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီ အထိ ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခွေးကိုက်ခံရသည့်လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် (၂၄) နာရီ ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိတ်ကျန်းမာရေးဌာနနှင့် မူးယစ်ဆေးစွဲရောဂါကုဌာနတွင် မူးယစ်ဆေးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲရောဂါများအား ကုသပေးခြင်းနှင့် မူးယစ်ဆေးအစားထိုးဆေးဝါး ဖြစ်သည့် မက်သာဒုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အစိုးရ ရုံးဖွင့်ရက်များတွင် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်ကုဌာန၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ၏ လက်ရှိဆောင်ရွက် လျက်ရှိသော အခြေအနေကိုတင်ပြခြင်း ပြင်ပလူနာဌာန၏ ကုသမှုအနေဖြင့် အပတ်စဉ် တနင်္လာ နှင့် ဗုဒဟူးနေ့တို့တွင် မနက် (၉) နာရီမှ (၁၂) … Read more

မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်သူသို့ အသိပေးလိုသောအချက်များ

ပြင်ပလူနာပြသနိုင်သောအချိန်ဇယား (ခ)စိတ်အထူးကုပြင်ပလူနာအချိန်ဇယား တနင်္လာနေ့မှ သောကြာနေ့ထိ နံက် (၉)နာီ ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ မိမိဌာနမှ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးလျှက်ရှိသောလုပ်ငန်းများ၊ အသိပေးလိုသည့်အချက် အလက်များနှင့် ထိုဝန်ဆောင်မှုများအားရယူရန်အတွက် လိုအပ်သောအချက်အလက်များနှင့်လျှောက် လွှာပုံစံများ- မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီးအနေဖြင့်- (၁)-    စိတ်ကျန်းမာဆေးရုံတက်လူနာများကို ဆေးသောက်မှန်ကန်စေရန်နှင့်အချိန်မှန်မှန်ဆေးတိုက်ပေးခြင်းများကိုစနစ်တကျကုသစောင့်ရှောက်ပေးလျှက်ရှိပါသည်။ (၂)-     ပြင်ပလူနာများအနေဖြင့်ဆေးကုသခြင်း၊စိတ်ရောကိုယ်ပါပြန်လည်ကောင်းမွန်လာစေရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့်ရက်ချိန်းမှန်ကန်စေရေးတို့အားပြုလုပ်ပေးပါသည်။ (၃)-    ပိုင်ရှင်မဲ့လူနာများအတွက် အစစအရာရာအဆင်ပြေစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ   သည်။          (၄)-    စိတ်ကျန်းမာရေးလူနာများအားကုသရာတွင် မိသားစုများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါသည်။ထို့ကြောင့်ဆေးရုံတက်ပါကလူနာအကြောင်းနားလည်သောမိသားစုဝင်(သို့မဟုတ်) လူနာစောင့်(၁)ဦးစောင့်ရှောက်ရန်လိုအပ်ပါသည်။၎င်းလူနာစောင့်သည် အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲသောသူမဖြစ်ရပါ။ မန္တလေးမြို့၊မူးယစ်ဆေးစွဲရောဂါကုဆေးရုံအနေဖြင့်- (၁)-    မူးယစ်ဆေးစွဲလူနာများကိုအပြတ်ဖြတ်လိုပါကပြင်ပလူနာအနေဖြင့် သောက်ဆေးပေး၍ ကုသမှုပေးထားပါသည်။ပြင်ပလူနာအနေဖြင့် သောက်ဆေးသောက်ပြီးကုသ၍ မပြတ်နိုင်သောလူနာများကို Methadone အစားထိုးဆေးသောက်ရန် ပညာပေး၍လမ်းညွှန်ပေးပါသည်။Methadone ဆေးသောက် သောလူနာများအားဆေးရုံတင်၍ ကုသမှုပေးပါသည်။ (၂)-     Methadone အစားထိုးဆေးသောက်လျှင် အခြားအရက်၊ဘီယာ၊စိတ်ကြွဆေးများနှင့်ရော၍ သုံးစွဲမရကြောင်းပညာပေးပါသည်။ (၃)-      အိပ်မပျော်၊ယင်းထခြင်းစသောကြောင်းအရင်းများဖြစ်ပေါ်ပါကဆရာဝန်နှင့်ဆွေးနွေးပြီးမှသာဆေးစက်တိုး၍ ကုသမှုပေးခြင်း။ … Read more

ခုတင်(၃၀၀) သင်ကြားရေးဆေးရုံကြီး ၊ မန္တလေး မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ နှင့်ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သော လူနာများအား အရည်အသွေး  ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးနိုင်ရန် အတွက်   ကုသရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ  နှင့် ဆေးရုံအုပ်ချုပ်မှု ဆေးရုံအုပ်ကြီးများ ၊ အထူးကုဆရာဝန်ကြီးများ နှင့် ဆေးရုံအုပ်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်၍ အစဉ်တိုးတက်အောင် ဆောင်ရွက်လျှက်ရှိပါသည်။ မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံကြီးသည် ဗဟိုအဆင့်ဆေးရုံကြီး                                              ( Tertiary Centre ) တစ်ခုဖြစ်ပြီးပြည်သူလူထု အား  ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြီးပြည့်စုံသော ကျန်းမာရေး  စောင့်ရှောက်မှု  ပေးနိုင်ရန် နှင့်  လူနာလမ်းညွှန်မှုများ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ကုသရေးဦးစီးဌာန နှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ညွှန်ကြားချက်များကို လိုက်နာ၍ ဆက်လက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များ ၊ အသိပညာပေးချက်များ နှင့်ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ရောဂါဘယကင်းဝေးစေရေးတို့အတွက် … Read more

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၂) အား ကျင်းပ

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးကို (၉-၅-၂၀၂၂) ရက်နေ့နှင့် (၁၆-၈-၂၀၂၂) ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပါသည်။