ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် WHO အဖွဲ့နှင့် ပူးပေါင်း၍ Refresher Training for Medical Social Workers သင်တန်းကို ကုသရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ (၂) တွင် (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၂၂-၁၁-၂၀၂၄) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်း (၄၂) ဦးနှင့် လမ်းခရီးအခြေအရ ကိုယ်တိုင်သင်တန်းလာ မတက်နိုင်သော ဆေးလူမှုဆက်ဆံရေးဝန်ထမ်း (၁၀) ဦးတို့အား Zoom Meeting ဖြင့် Online  သင်တန်းပို့ချခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၁၁-၂၀၂၄) ရက်နေ့တွင် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် ဆေးရုံ၏ Quality ရရှိရန်နှင့် Capacity ပြင်မည်ဟု ဆုံးဖြတ်မည်ဆိုလျှင် အဓိကဆောင်ရွက်ရ မည်မှာ  ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေနှင့် မိမိတို့၏ mindset change ရန် အဓိက လိုအပ်ကြောင်း၊  Hotel, Hospital, Hostal ဟုဆိုသည့် စကားရပ်များမှာ သဘောတရား အတူတူပင်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာမည်၊ ခေတ္တခဏနေမည်၊ မိမိတို့ကိစ္စများပြီးလျှင် ပြန်သွားမည်ဖြစ်ကြောင်း၊ ဆေးရုံသည်လည်း အတူတူပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် Hospitality ဟု ဆိုသည့်အတိုင်း လူနာများကို နွေးထွေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ပေးနိုင်ပါရန် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေလိုပါကြောင်း၊ ခေတ်ကာလ အခြေအနေလိုအပ်ချက်အရ ၂၀၁၆ ခုနှစ်တွင် Hospital Reception Services နှင့် DC Parade လုပ်ငန်းများကို ဆောင်ရွက်နေသည်ဖြစ်၍ အဆိုပါလုပ်ငန်းများကို ကျေကျေလည်လည် ဆောင်ရွက်စေလိုကြောင်း၊ ဆေးရုံသို့လာရောက်သည့်လူနာများမှာ ပျော်ရွှင်စွာ လာရောက်ကြ သူများ မဟုတ်သည့်အတွက် နွေးထွေးပျူငှာစွာ ဆက်ဆံမှုက အဓိကအရေးပါကြောင်း၊ သို့ဖြစ်ပါ၍ Hospital Information System အနေဖြင့်  Hospital Reception services  လုပ်ငန်းကို ဆောင်ရွက်စေကြောင်း၊ ဆေးရုံသို့ လူနာများရောက်ရှိရာတွင် ဆေးရုံမှဆောင်ရွက်ပေးလိုက်သည့် ဝန်ဆောင်မှုကို လူနာများ စိတ်ကျေနပ်မှု ရှိ/မရှိ ဆန်းစစ်နိုင်ရန် DC Parade ဆောင်ရွက်စေခြင်း ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ တွင် ၀၃၁၄ စီမံချက်လမ်းညွှန်ချက်ထုတ်ပြန်၍ Hospital Diet ကို စနစ်တကျဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း၊ Communication နှင့် Public Relation တွင် 1st Line ဆောင်ရွက်ပေးရသူများမှာ Hospital Receptionist များဖြစ်ပါကြောင်း၊  Hospital Reception Service ကို ကြီးကြပ်ဆောင်ရွက်ရန်မှာလည်း ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေဖြင့် Hospital Reception Service၊ DC Parade နှင့် Hospital Diet လုပ်ငန်းများ သေသေချာချာ ဆောင်ရွက် ပေးကြပါရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်း‌ဒေသ ကြီး/ ပြည်နယ်များမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြ ပါသည်။ သင်တန်းအား (၃) ရက်ပြုလုပ်ခဲ့ရာ ပထမနေ့တွင် Introduction of Refresher Training , How to improve medical social work in public hospitals, Linking Mechanism of Medical social Work, Duties and Responsibilities of Medical Social Workers in Public Hospitals, Communication Principles and Skills, GBV Concept and OSCC in Public Hospitals, Impact of Discharge Parade on Patients in Public Hospitals ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ ဒုတိယနေ့တွင် What is Social Work and Case Management, Working with Community and Hospital Staffs ဘာသာရပ်များကို Group Work များဖြင့် ဆွေးနွေးပို့ချပေးခဲ့ပါသည်။ တတိယနေ့တွင် Medical Social Worker role on conselling setting, Child Right and Development Stage of Children, Replacement Services on Pick Up Babies Cases, NPASW Program, The Role of Meidcal Social Workers in Public Hospital Examination Centers, Patient Flow and Waiting Times in Hospitals, Ethic and Guiding Principles/ Personal and Self – Care Skills ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပြီး ညနေ ၄:၃၀ နာရီတွင် သင်တန်းပြီးမြောက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *