နေပြည်တော်၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သွားတုဆိုင်ရာလက် ထောက်ကျွမ်းကျင် သင်တန်း(ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈: ၀၀)နာရီ တွင် သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)၊ သင်တန်းခမ်းမ၌ ကျင်းပပြုလုပ်ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အထူးကုဆရာဝန်များ၊ သင်တန်းနည်း ပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဆိုပါ သင်တန်း၏ရည်ရွယ်ချက်များအနေဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများရှိ သွားနှင့်ခံတွင်းဆေးကုသဌာနများတွင် အများပြည်သူများကို သွားကျန်းမာရေး ဝန်ဆောင်မှုများ အရည်အသွေးပြည့်မီစွာကုသပေးနိုင်ရန် (Digital Dentistry) နည်းပညာများဖြင့် ကုသပေးနိုင်ရန်ရည်ရွယ်ပြီး သင်ကြားရေးဆိုင်ရာအတတ်ပညာများကို အခြေခံကျကျ တတ်မြောက် စေရန်၊ ခေတ်မီစက်ပစ္စည်းကိရိယာများကို ပံ့ပိုးထောက်ပံ့ပေးထားပြီး၊ ကျွမ်းကျင်သော သွားတုပညာ ရှင်များဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)၌ သင်ကြားပို့ချမည်ဖြစ် ပါသည်။ သင်တန်းကာလမှာ (၂-၉-၂၀၂၄)ရက်နေ့မှ (၂-၆-၂၀၂၅)ရက်နေ့အထိ (၉)လပြုလုပ်မည် ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား ကျား(၄)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၁၈)ဦး တက်ရောက်နေကြောင်း၊ သင်တန်းပြီးမြောက်ပါက ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့် ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ သွားနှင့်ခံတွင်းဆေးကုဌာနများတွင် တာဝန် ချထားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
သင်တန်းသားများ လက်တွေ့လေ့ကျင့်နေပုံ
Computer Aid Designing and Computer Aid Milling Machine