ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆေးရုံကြီး

ခုတင်(၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့

တည်နေရာ

ပျဉ်းမနားမြို့သည် ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းတွင်ရှိပြီး

  • မြောက်ဘက်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်
  • တောင်ဘက်တွင် လယ်‌ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိရေတာရှည်မြို့နယ်နှင့်သံတောင်မြို့နယ်။
  • အနောက်ဘက်တွင်ဇမ္ဗူသီရိမြို့နယ်၊
  • အရှေ့ဘက်တွင်ရှမ်းပြည်နယ်အတွင်းရှိဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ် တို့နှင့် ကပ်လျက် တည်ရှိပါသည်။

          နေပြည်တော်ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသည် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အုပ်စု၊ နယ်မြေ(၁၉)၊ တပ်ကုန်းရပ်ကွက် လယ်‌ဝေးလမ်းဟောင်းကြား“မြင်းရတနာ” နှင့် “ရှမ်းကန်” ဟုခေါ်တွင်သော နေပြည်တော် ပျဉ်းမနားစည်ပင်သာယာရေးကော်မတီရုံးတည်ရှိရာ “မင်္ဂလာကန်တော်ခန်းမ”အနီးတွင်တည်ရှိပါသည်။

စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

ဆေးရုံတည်ဆောက်ရေးသမိုင်း

          ၁၉၃၃-၁၉၄၅            –         ဘုံဘေဘားမားဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။

          ၁၉၅၀                     –         ၁၆-ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။

          ၁၉၅၂                      –         ၂၅-ခုတင်ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။

          ၁၉၈၃                     –         ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။

          ၂၀.၁၂.၁၉၉၁            –         ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။           ၁၁.၈.၂၀၀၇              –         ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ်စတင်အဆင့်မြှင့်တင် ခဲ့ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ဆေးရုံအုပ်ကြီး(ရုံးခန်း)         –         0678022309

အရေးပေါ်နှင့်ပြင်ပလူနာဌာန  –         09782114600

E-mail                    –         myintkyawkbu@gmail.com

ပြင်ပလူနာဌာနပြသနိုင်သောအချိန်ဇယား

(က)    အထွေထွေရောဂါကုပြင်ပလူနာဌာန            –         နေ့စဉ် (၂၄) နာရီ

(ခ)     အထူးကုပြင်ပလူနာအချိန်ဇယား       (နံနက် ၀၉:၀၀ နာရီမှ နေ့လည်၁၂:၀၀နာရီအထိ)

အရိုးရောဂါအထူးကုပြင်ပလူနာဌာန            –         အပတ်စဉ် တနင်္လာနေ့

          ခွဲစိတ်ရောဂါအထူးကုပြင်ပလူနာဌာန –         အပတ်စဉ် အင်္ဂါနေ့

          ကလေးရောဂါအထူးကုပြင်ပလူနာဌာန        –         အပတ်စဉ် တနင်္လာနေ့

          သားဖွားမီးယပ်ရောဂါအထူးကုပြင်ပလူနာဌာန-        အပတ်စဉ် အင်္ဂါနေ့

          ဖျားနားရောဂါအထူးကုပြင်ပလူနာဌာန         –         အပတ်စဉ် ဗုဒ္ဓဟူးနေ့

(ဂ)     Online Booking စနစ် မရှိပါ။

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

  • အပတ်စဉ်ကြာသပတေးနေ့တိုင်း (၁)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနိုင်ပါသည်၊၊

ဆေးရုံတက်ရောက်လာသော လူနနှင်လူနာစောင့်များအား COVID ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။

Leave a Comment