ဆေးရုံတည်နေရာနှင့် ဓါတ်ပုံ
မြို့သစ် (၁)ရပ်ကွက်၊ ၁၀၄လမ်း x ၁၀၅လမ်းကြား၊ ၆၂လမ်းပေါ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
ဆေးရုံသမိုင်းအကျဉ်း
အထက်မြန်မာပြည် မန္တလေးမြို့၌ အရိုးရောဂါအထူးကုဆေးရုံသစ်ကြီး ဖြစ်ထွန်းလာ စေရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ (၃.၁၁.၂၀၀၄)ရက်နေ့တွင် အောင်ကောင်းကျော်ဆောက်လုပ်ရေးကုမ္ပဏီမှ အဆောင်(အေ)နှင့် (ဘီ)ကို တာဝန်ယူ တည်ဆောက်ခဲ့ရာ (၂၀၁၀)ခုနှစ်တွင် ပြီးစီးသဖြင့် (၂၇.၆.၂၀၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ တိုးချဲ့ဆောင် (စီ)နှင့် (ဒီ) ဆောက်လုပ်ရန် ခွင့်ပြုပါသဖြင့် ကြယ်စင်မင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ရာ (၂၀၁၅)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
Imaging Complex (၂)ထပ်အဆောက်အဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအဆောက်အဦးအထူးဖွဲ့(၆)၊ တည်ဆောက်ရေး(၂)မှ တာဝန်ယူ တည်ဆောက်ခဲ့ရာ (၂၀၁၆)ခုနှစ် မတ်လအတွင်း ပြီးစီးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် Exceed Worldwide အဖွဲ့တို့ ပူးပေါင်း၍ ခုတင်(၅၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မန္တလေးမြို့တွင် ခြေတုလက်တုနှင့်အားပြုကိရိယာဌာန PO Centre တည်ဆောက်ပြီး (၁၆.၁.၂၀၁၇) ရက်နေ့မှစ၍ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။
ဆက်သွယ်ရန်လိပ်စာ
- ဆေးရုံအုပ်ကြီးရုံးခန်း ၀၂-၂၈၄၇၆၁၃
- အရေးပေါ်နှင့် ပြင်ပလူနာဌာန ၀၂-၂၈၄၇၆၁၅
- ဖက်စ်နံပါတ် ၀၂-၂၈၄၇၆၁၃
ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
စဉ် | ဘာသာရပ် | ကြည့်ရှုပေးသည့်နေ့ရက် | အချိန် |
၁။ | အရိုးရောဂါပညာဌာန | တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့ | နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီ အထိ၊ နေ့လည်(၂)နာရီမှ ညနေ (၄)နာရီ အထိ |
၂။ | အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာန | တနင်္လာနေ့မှ သောကြာနေ့အထိ | နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီ အထိ၊နေ့လည်(၂)နာရီမှ ညနေ (၄)နာရီ အထိ |
အခမ်းအနား
ဌာနများအလိုက် စဉ်ဆက်မပြတ် ပညာရေးဆွေးနွေးပွဲများကိုလည်း ပုံမှန်ဆောင်ရွက် လျှက်ရှိပါသည်။
ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
အရိုးရောဂါအထူးကုဆေးရုံကြီးအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော ဆေးနှင့် ဆေးပစ္စည်းများ၊ ဓါတ်မှန်၊ ဓါတ်ခွဲစမ်းသပ်မှုများ၊ စတီးချောင်းများကို
- ဆင်းရဲနွမ်းပါးလူနာများ
- ပင်စင်စား
- သာသနာ့ဝန်ထမ်း
- ကျောင်းသား
- အကျဉ်းသား
- အရေးပေါ်ဆိုင်ရာအခြေအနေများတွင် အခမဲ့ထောက်ပံ့ပေးလျှက်ရှိပြီးအခြားသော လူနာများအား စရိတ်မျှပေးကျန်းမာရေးစနစ်ဖြင့် ကုသဆောင်ရွက်ပေးလျှက်ရှိ ပါသည်။
- ထိခိုက်ဒဏ်ရာခွဲစိတ်ကုသမှုများ
- လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများ
- ကျောရိုးခွဲစိတ်ကုသမှုများ
- ကလေးအရိုးရောဂါခွဲစိတ်ကုသမှုများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန
အကြောအဆစ်အထူးကုဌာနအနေဖြင့် အရိုး၊ အကြော၊ အဆစ်နှင့် ပတ်သက်သည့် လူနာများအား လူနာတစ်ဦးချင်းစီအလိုက် လိုအပ်သော စက်ပစ္စည်းများနှင့် ကုသပေးခြင်း၊ လေ့ကျင့်ခန်းများ သင်ကြားပြသလုပ်ဆောင်ပေးခြင်းများ ပြုလုပ်လျှက်ရှိပါသည်။
Ponseti Clinic
မွေးရာပါခြေခွင်သည့် (Clubfoot) ကလေးများကို ကျောက်ပတ်တီးစည်းခြင်း (POP casting)လိုအပ်ပါက Tenotomy ပြုလုပ်ပေးခြင်းနှင့် ဖိနပ်စီးခြင်း(Bracing)တို့ကို အခမဲ့ပြုလုပ်ပေးလျှက်ရှိပါသည်။မွေးပြီး(၁)ပတ်ကျော်သည်နှင့် ကုသမှုကို စတင်နိုင်ပြီး (၁)နှစ်အောက် အရွယ်ကလေးများကို ကုသမှုပေးရာ၌ ပိုမိုထိရောက်နိုင်ပါသည်။
ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်လျှက်ရှိပါသည်။