လယ်ဝေးဆေးရုံသမိုင်းအကျဉ်း
- (၁၆) ခုတင်ဆံ့ လယ်ဝေးပြည်သူ့ဆေးရုံကို အမှတ်(၄) ရပ်ကွက်၊ ဦးပိုင်အမှတ်(၆) ၊ ဧရိယာ (၀.၉၄၃) ဦးပိုင်အမှတ် (၁၁) ၊ ဧရိယာ ( ၄.၇၅၃ ) ၊ ဦးပိုင်အမှတ်(၁၂)၊ ဧရိယာ(၀.၉၁၀) စုစုပေါင်း (၆.၆၀၆) မြေဧက ပေါ်တွင် တည်ဆောက်ပြီး ( ၁၉၆၁ )ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
- (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအဖြစ် ( ၃၁.၃.၂၀၀၄ )ရက်နေ့တွင် အဆင့်မြှင့်တင် ပေးခဲ့ ပါသည်။
- (၅၀)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအဖြစ် ( ၁၅.၈.၂၀၀၈ )ရက်နေ့တွင် အဆင့်မြှင့်တင် ပေးခဲ့ ပါသည်။
- ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ် (၂၆.၅.၂၀၁၁)ရက်နေ့ တွင် အဆင့်မြှင့်တင်ပေးခဲ့ ပါသည်။
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလမ်းညွှန်ချက်အရ လယ်ဝေး မြို့နယ် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကို (၂၀၁၁) ခုနှစ် မတ်လ (၆)ရက်နေ့တွင် ယခု လက်ရှိ နေရာ သုခုမလမ်း၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို၏ရှေ့တည့်တည့် ) မြေ(၄၁.၄၇)ဧကပေါ် တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။
လယ်ဝေးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ မှ
အထွေထွေရောဂါကု ပြင်ပလူနာအချိန်ဇယား
စဉ် | ပြင်ပလူနာ | ပြင်ပလူနာကြည့်သော အချိန် | မှတ်ချက် |
၁ | အထွေထွေရောဂါကု ပြင်ပလူနာ | နံနက်(၈:၀၀)မှ ညနေ (၄:၀၀)ထိ | |
၂ | အရေးပေါ်လူနာ | (၂၄:၀၀)နာရီ |
နေပြည်တော် လယ်ဝေးမြို့ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးရုံးခန်း
ဖုန်း – ၀၉-၄၂၁၃၆၉၉၅၃
အရေးပေါ်နှင့် ပြင်ပလူနာဌာန ဖုန်း -၀၉-၇၉၀၄၂၃၇၈၁
အီးမေးလ် (lewehospital100bedded@gmail.com)
ဖက်စ်နံပါတ် – ၀၆၇ -၄၁၉၀၈၆
လယ်ဝေးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ မှ
အထူးကု ပြင်ပလူနာ အချိန်ဇယား
စဉ် | ပြင်ပလူနာကြည့်သော နေ့ရက် | ပြင်ပလူနာကြည့်သော အဆောင် | ပြင်ပလူနာကြည့်သော အချိန် |
၁ | တနင်္လာနေ့ | သားဖွားမီးယပ်ဆောင်နှင် ခွဲစိတ်ကုသဆောင် ( Birth spacing ) | နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ |
၂ | အင်္ဂါနေ့ | ကလေးကုသဆောင် | နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ |
၃ | ဗုဒ္ဓဟူး | ART Clinic | နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ |
၄ | ကြာသပတေး | သားဖွားမီးယပ်ဆောင်နှင် ခွဲစိတ်ကုသဆောင် ( High risk pregnancy: ) | နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ |
၅ | သောကြာနေ့ | အရိုးကုသဆောင် | နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ |