
ခုတင်(၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့
တည်နေရာ
ပျဉ်းမနားမြို့သည် ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းတွင်ရှိပြီး
- မြောက်ဘက်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်
- တောင်ဘက်တွင် လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိရေတာရှည်မြို့နယ်နှင့်သံတောင်မြို့နယ်။
- အနောက်ဘက်တွင်ဇမ္ဗူသီရိမြို့နယ်၊
- အရှေ့ဘက်တွင်ရှမ်းပြည်နယ်အတွင်းရှိဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ် တို့နှင့် ကပ်လျက် တည်ရှိပါသည်။
နေပြည်တော်ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသည် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အုပ်စု၊ နယ်မြေ(၁၉)၊ တပ်ကုန်းရပ်ကွက် လယ်ဝေးလမ်းဟောင်းကြား“မြင်းရတနာ” နှင့် “ရှမ်းကန်” ဟုခေါ်တွင်သော နေပြည်တော် ပျဉ်းမနားစည်ပင်သာယာရေးကော်မတီရုံးတည်ရှိရာ “မင်္ဂလာကန်တော်ခန်းမ”အနီးတွင်တည်ရှိပါသည်။
စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်
ဆေးရုံတည်ဆောက်ရေးသမိုင်း
၁၉၃၃-၁၉၄၅ – ဘုံဘေဘားမားဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၁၉၅၀ – ၁၆-ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၁၉၅၂ – ၂၅-ခုတင်ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၁၉၈၃ – ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀.၁၂.၁၉၉၁ – ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၁.၈.၂၀၀၇ – ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ်စတင်အဆင့်မြှင့်တင် ခဲ့ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ဆေးရုံအုပ်ကြီး(ရုံးခန်း) – 0678022309
အရေးပေါ်နှင့်ပြင်ပလူနာဌာန – 09782114600
E-mail – myintkyawkbu@gmail.com
ပြင်ပလူနာဌာနပြသနိုင်သောအချိန်ဇယား
(က) အထွေထွေရောဂါကုပြင်ပလူနာဌာန – နေ့စဉ် (၂၄) နာရီ
(ခ) အထူးကုပြင်ပလူနာအချိန်ဇယား (နံနက် ၀၉:၀၀ နာရီမှ နေ့လည်၁၂:၀၀နာရီအထိ)
အရိုးရောဂါအထူးကုပြင်ပလူနာဌာန – အပတ်စဉ် တနင်္လာနေ့
ခွဲစိတ်ရောဂါအထူးကုပြင်ပလူနာဌာန – အပတ်စဉ် အင်္ဂါနေ့
ကလေးရောဂါအထူးကုပြင်ပလူနာဌာန – အပတ်စဉ် တနင်္လာနေ့
သားဖွားမီးယပ်ရောဂါအထူးကုပြင်ပလူနာဌာန- အပတ်စဉ် အင်္ဂါနေ့
ဖျားနားရောဂါအထူးကုပြင်ပလူနာဌာန – အပတ်စဉ် ဗုဒ္ဓဟူးနေ့
(ဂ) Online Booking စနစ် မရှိပါ။
ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ
- အပတ်စဉ်ကြာသပတေးနေ့တိုင်း (၁)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနိုင်ပါသည်၊၊
ဆေးရုံတက်ရောက်လာသော လူနနှင်လူနာစောင့်များအား COVID ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။