ပြည်သူလူထုထံ အသိပေးလိုသောအချက်များ

            နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ အရိုးအကြောရောဂါလူနာများနှင့် ထိခိုက်ဒဏ်ရာလူများအား လက်ခံ၍ ဌာနမှူးပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများမှလိုအပ်သော ကုသမှုများနှင့် ခွဲစိပ်ကုသမှုများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။

        ရောဂါရှာဖွေရေးနှင့်ပတ်သက်၍လည်း ဓါတ်ခွဲဌာနမှ  Haematology၊ Biochemistry၊ Serology၊Microbiology၊Histopathology စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်း များဆောင်ရွက်ပေးလျှက်ရှိပါသည်။

        ဓါတ်မှန်ဌာနမှလည်း 128 Slice CT Scan၊ 0.4. Tesla MRI ၊ Digital X-ray ၊ Mannual X-ray ၊ Ultrasound စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ များတွင် လူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးပါသည်။

အကြောအဆစ်ဌာနမှလည်း လူနာများအား  APT (Active Passive Trainer)၊ Ergocycle ၊ E.S(Electrical Stimulation)၊ Infra-red ၊ Laser ၊ Paraffin Wax Bath ၊  Shortwave Therapy ၊ TENS ၊ Exercise Therapy တို့ဖြင့် ကုသပေးလျှက်ရှိပါသည်။

ပြင်ပလူနာပြသနိုင်သော အချိန်ဇယား

စဉ်နေ့ရက်ပြင်ပလူနာပြသနိုင်သောအချိန်မှတ်ချက်
၁။တနင်္လာနံနက် ၀၈:၀၀ မှ မွန်းလွဲ ၁၂:၀၀ ထိ 
၂။သောကြာနံနက် ၀၈:၀၀ မှ မွန်းလွဲ ၁၂:၀၀ ထိ 

Leave a Reply

Your email address will not be published. Required fields are marked *