ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
(ခ)စိတ်အထူးကုပြင်ပလူနာအချိန်ဇယား
တနင်္လာနေ့မှ သောကြာနေ့ထိ နံက် (၉)နာီ
ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ
မိမိဌာနမှ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးလျှက်ရှိသောလုပ်ငန်းများ၊ အသိပေးလိုသည့်အချက် အလက်များနှင့် ထိုဝန်ဆောင်မှုများအားရယူရန်အတွက် လိုအပ်သောအချက်အလက်များနှင့်လျှောက် လွှာပုံစံများ-
မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီးအနေဖြင့်-
(၁)- စိတ်ကျန်းမာဆေးရုံတက်လူနာများကို ဆေးသောက်မှန်ကန်စေရန်နှင့်အချိန်မှန်မှန်ဆေးတိုက်ပေးခြင်းများကိုစနစ်တကျကုသစောင့်ရှောက်ပေးလျှက်ရှိပါသည်။
(၂)- ပြင်ပလူနာများအနေဖြင့်ဆေးကုသခြင်း၊စိတ်ရောကိုယ်ပါပြန်လည်ကောင်းမွန်လာစေရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့်ရက်ချိန်းမှန်ကန်စေရေးတို့အားပြုလုပ်ပေးပါသည်။
(၃)- ပိုင်ရှင်မဲ့လူနာများအတွက် အစစအရာရာအဆင်ပြေစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ သည်။
(၄)- စိတ်ကျန်းမာရေးလူနာများအားကုသရာတွင် မိသားစုများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါသည်။ထို့ကြောင့်ဆေးရုံတက်ပါကလူနာအကြောင်းနားလည်သောမိသားစုဝင်(သို့မဟုတ်) လူနာစောင့်(၁)ဦးစောင့်ရှောက်ရန်လိုအပ်ပါသည်။၎င်းလူနာစောင့်သည် အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲသောသူမဖြစ်ရပါ။
မန္တလေးမြို့၊မူးယစ်ဆေးစွဲရောဂါကုဆေးရုံအနေဖြင့်-
(၁)- မူးယစ်ဆေးစွဲလူနာများကိုအပြတ်ဖြတ်လိုပါကပြင်ပလူနာအနေဖြင့် သောက်ဆေးပေး၍ ကုသမှုပေးထားပါသည်။ပြင်ပလူနာအနေဖြင့် သောက်ဆေးသောက်ပြီးကုသ၍ မပြတ်နိုင်သောလူနာများကို Methadone အစားထိုးဆေးသောက်ရန် ပညာပေး၍လမ်းညွှန်ပေးပါသည်။Methadone ဆေးသောက် သောလူနာများအားဆေးရုံတင်၍ ကုသမှုပေးပါသည်။
(၂)- Methadone အစားထိုးဆေးသောက်လျှင် အခြားအရက်၊ဘီယာ၊စိတ်ကြွဆေးများနှင့်ရော၍ သုံးစွဲမရကြောင်းပညာပေးပါသည်။
(၃)- အိပ်မပျော်၊ယင်းထခြင်းစသောကြောင်းအရင်းများဖြစ်ပေါ်ပါကဆရာဝန်နှင့်ဆွေးနွေးပြီးမှသာဆေးစက်တိုး၍ ကုသမှုပေးခြင်း။
(၄)- မူးယစ်ဆေးစွဲလူနာများကိုဆေးရုံတက်နေစဉ်ကာလအတွင်းစနစ်တကျကုသမှုပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဆေးရုံမှဆင်းသွားလျှင်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင် လာစေရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
(၅)- မူးယစ်ဆေးစွဲရောဂါကုဆေးရုံတွင် ဆေ:ရုံတက်လူနာယူဆောင်လာရန် လိုအပ်သည့်ပစ္စည်းများမှာ-
-ပတ်စပို့ဓါတ်ပုံ (၈)ပုံ
-မှတ်ပုံတင်မိတ္တူ (၂)စောင်
-အိမ်ထောင်စုဇယားမိတ္တူ (၂)စောင်
-အင်္ကျီ(ကော်လံ၊အိတ်ကပ်မပါ) (၃)ထည်
-အတွင်းခံဘောင်းဘီ (၂)ထည်
-စွပ်ကျယ် (၃)ထည်
-ဘောင်းဘီတို(အိတ်ကပ်၊ဇစ်မပါ) (၃)ထည်
-ခြုံစောင်(တစ်ထပ်စောင်) (၁)ထည်
-အိပ်ယာခင်း(တစ်ထပ်စောင်) (၁)ထည်
-ခေါင်းအုံးစွပ် (၁)ထည်
-မျက်နှာသုတ်ပဝါ (၁)ထည်
-ဖိုက်ဘာပန်းကန်ပြား (၁)ချပ်
-ဖိုက်ဘာပန်းကန်လုံး (၁)လုံး
-ဖိုက်ဘာဇွန်း (၁)ချောင်း
-ဖိုက်ဘာရေခွက် (၁)လုံး
-ရေချိုးခွက် (၁)လုံး
-ဓါတ်ဗူး (၁)လုံး စသည်များလိုအပ်ပါသည်။