ခုတင်(၃၀၀) သင်ကြားရေးဆေးရုံကြီး ၊ မန္တလေး မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ နှင့်ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံ

မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သော လူနာများအား အရည်အသွေး  ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးနိုင်ရန် အတွက်   ကုသရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ  နှင့် ဆေးရုံအုပ်ချုပ်မှု ဆေးရုံအုပ်ကြီးများ ၊ အထူးကုဆရာဝန်ကြီးများ နှင့် ဆေးရုံအုပ်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်၍ အစဉ်တိုးတက်အောင် ဆောင်ရွက်လျှက်ရှိပါသည်။

မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံကြီးသည် ဗဟိုအဆင့်ဆေးရုံကြီး                                              ( Tertiary Centre ) တစ်ခုဖြစ်ပြီးပြည်သူလူထု အား  ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြီးပြည့်စုံသော ကျန်းမာရေး  စောင့်ရှောက်မှု  ပေးနိုင်ရန် နှင့်  လူနာလမ်းညွှန်မှုများ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ကုသရေးဦးစီးဌာန နှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ညွှန်ကြားချက်များကို လိုက်နာ၍ ဆက်လက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များ ၊ အသိပညာပေးချက်များ နှင့်ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ရောဂါဘယကင်းဝေးစေရေးတို့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်သော လူနေမှုဘဝပုံစံများအား သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ
၁။ IHC ဆေးခန်းမှ ခုခံအားကျဆင်းမှုကူးစက်ရောဂါလူနာများအားART ဆေးဝါးများထောက်ပံ့ခြင်း ၊ လူနာကြည့်ရူပေးခြင်း နှင့် လိုအပ်သောစစ်ဆေးကုသမှုများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်ပေးနေပါသည် ။
၂။ NCD ( Non Communicable Disease ) (မကူးစက်နိုင်သောရောဂါများ − သွေးတိုး ၊ နှလုံး ၊ ဆီးချို ) စသောရောဂါများ ခံစားနေရသောလူနာများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုကုသပေးနေပါသည် ။
၃။ အရေးပေါ် နှင့်် ပြင်ပလူနာဌာန တွင် (၂၄ နာရီ) ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည် ။
၄။ ဆေးရုံအခြေပြုကိုဗစ်−၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းကို အပတ်စဉ် တနလာ နှင့် ကြာသပတေးနေ့များတွင် ဆောင်ရွက်ပေးလျက်ရှိပါသည် ။
၅။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကိုလည်းဆောင်ရွက်လျက်ရှိပါသည် ။

Leave a Comment