ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူးနေရာများအတွက် ပူးတွဲပါလျှောက်လွှာပုံစံအား Download ရယူဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားသူများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လျှောက်လွှာမူရင်း (၂)စောင် ပေးပို့လျှောက်ထားရမည့်အပြင် ပူးတွဲပါ ကြိုတင်ဆန္ဒပြုလွှာအား Download ရယူဖြည့်စွက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ (၅-၁-၂၀၂၁) ရက်နေ့အရောက် ပေးပို့ လျှောက်ထားရန်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်၌ အလုပ်သင်ဆရာဝန်တာဝန် ပြီးဆုံးမည့်သူများအနက်မှ နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ် လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လျှောက်လွှာမူရင်း (၂) စောင် ပေးပို့လျှောက်ထားပြီး ပူးတွဲပါ ကြိုတင်ဆန္ဒပြုလွှာအား Download ရယူဖြည့်စွက်၍ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများမှတဆင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ (၅-၁-၂၀၂၁) ရက်နေ့အရောက် ပေးပို့လျှောက်ထားရန်ဖြစ်သည်။
လျှောက်လွှာပုံစံ
လျှောက်ထားသူများလိုက်နာရန်လမ်းညွှန်
ကုသရေးဦးစီးဌာနသို့ ပေးပို့ရန် ကြိုတင်ဆန္ဒပြုလွှာ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်၌ အလုပ်သင်ဆရာဝန်တာဝန် ပြီးဆုံးမည့်သူများအတွက် ဆေးရုံအုပ်ကြီးမှတဆင့် ပေးပို့ရန်ကြိုတင်ဆန္ဒပြုလျှောက်လွှာ