မသင်္ကာဖွယ် email များလက်ခံရရှိပါက လိုက်နာရန်နည်းလမ်း

မသင်္ကာဖွယ်အီးမေးလ်များ လက်ခံရရှိပါက အီးမေးလ်နှင့်ပတ်သက်သော ဆောင်ရန်၊ရှောင်ရန် အချက်များအား အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။

၁။ အီးမေးလ်များပေးပို့ရာတွင် To နှင့် CC တို့တွင် မေးလ်လိပ်စာများအား စုပြုံ၍ ပေးပို့ခြင်းထက် BCC အနေဖြင့်သာ အီးမေးလ်များကို ပေးပို့ရန်။

၂။ မိမိနှင့်ဆက်သွယ်ဖူးခြင်း၊အီးမေးလ်ပေးပို့ဖူးခြင်း မရှိသည့်သူများထံမှ လက်ခံရရှိသော အီးမေးလ်များကို သတိပြု၍ ဖတ်ရှုရန်။ (အီးမေးလ်တွင် ပါဝင်သော link များ Attachment များ ကို ဖွင့်ခြင်း၊နိပ်ခြင်း မပြုရန်)

၃။ အီးမေးလ်အား မည်သည့်အကြောင်းကြောင့် လက်ခံရရှိသည်ကို မသိရှိပါက အဆိုပါအီးမေးလ်များကို သတိပြု၍ ဖတ်ရှုရန်

၄။အီးမေးလ်တွင်ပါဝင်သော Attachment ဖိုင်လ်များ၊ link များ ကို အဖျက်အမှောင့်လုပ်ဆောင်ချက်များ ပါရှိခြင်း ရှိ၊မရှိ သေချာအောင် စစ်ဆေးရန်

၅။ အီးမေးလ် Attachment တွင် ဖိုင်လ်အမည် filename.exe (or) filename.docx.exe ပါရှိပါက ၎င်းဖိုင်လ်များသည် အဖျက်အမှောင့် ဆော့ဖ်ဝဲလ်များဖြစ်၍ လုံးဝ(လုံးဝ) ဖွင့်မကြည့်ရန်လိုအပ်ပါသည်။

၆။မသင်္ကာဖွယ်မေးလ်များ လက်ခံရရှိပါက ၎င်းမေးလ်များကို အခြားသူထံသို့ Forward မေးလ်များ ပေးပို့ခြင်း၊ဖျက်ပစ်ခြင်း မပြုလုပ်ရပါ။

၇။ အီးမေးလ်တစ်ခုအား သံသယဖြစ်ပါက အီးမေးလ်ပို့သူထံ မည်သည့်ကိစ္စကြောင့် မေးလ်ပို့ကြောင်း ဖုန်းဖြင့် တိုက်ရိုက်မေးမြန်းပါ။

၈။ မသင်္ကာစရာအီးမေးလ်များ လက်ခံရရှိပါက အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ အီးမေးလ်ဖြစ်သော infoteam@mmcert.org.mm သို့ဖြစ်စေ incident@ncsc.gov.mm သို့ဖြစ်စေ Forward မေးလ်ပေးပို့၍သော်လည်းကောင်း 0673422272 သို့ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Leave a Comment