SARI treatment for Medical Officers ကျင်းပပြုလုပ်ခြင်း

          ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ Online training on SARI Treatment for Medical Officers in the COVID-19 frontline ကို ၂၀၂၀ ပြည့်နှစ် မေလ (၂၉)ရက်နေ့မှ စတင်၍ တစ်ရက်လျှင် တစ်နာရီခွဲ၊ တစ်ပတ်လျှင် (၂)ရက် နှုန်းဖြင့် သင်တန်းချိန် (၈)ချိန် သင်ကြားခဲ့ပါသည်။

အဆိုပါ သင်တန်းတွင် WHO Regional Office for South-East Asia မှ ကျွမ်းကျင်သူ ဆေးပညာရှင်များက သင်တန်းဆရာများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်၊ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ(ဆေးပညာ) ဒေါက်တာဟိန်းရာဇာအောင်၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ(ဆေးပညာ) ဒေါက်တာအောင်ကျော်သူတို့က Facilitator များ အဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းသို့ ခုတင်(၂၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီး (၁၃)ရုံမှ အထူးကုဆရာဝန် /လက်ထောက်ဆရာဝန်(ဆေးပညာ)၊ လက်ထောက်ဆရာဝန်(ကလေး)နှင့် လက်ထောက်ဆရာဝန် စုစုပေါင်း သင်တန်းသား (၂၀)ဦးတို့ တက်ရောက်ခဲ့ရာ သင်တန်းကာလတစ်လျှောက် ဆောင်ရွက် သော Exercise များတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များ မေးမြန်းခြင်းတို့ကိုပါ ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် သင်တန်းအောင်မြင်စွာ ပြီးမြောက် ခဲ့ကြပါသည်။

Leave a Comment