SOP နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို သုံးသပ်၍ ပြင်ဆင်ရန်၊ … Read more

စဝ်စံထွန်းဆေးရုံကြီးတွင် COVID-19 ပညာပေးအစီအစဉ်များပြုလုပ်ကျင်းပခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လူနာနှင့်လူနာစောင့်များအား Mask စနစ်တကျ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ စွန့်ပစ်ခြင်းများနှင့် COVID-19 နှင့်ပတ်သက်သော ပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။