covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိမိဆန္ဒအလျောက် အဆိုပြုသူစာရင်း(၂၅-၃-၂၀၂၀)

နေပြည်တော် ၂၅-၃-၂၀၂၀ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျရာတာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် အဆိုပြုနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၄-၃-၂၀၂၀ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။ လက်ရှိကာလ ၂၅-၃-၂၀၂၀ နေ့လည် (၁၂:၀၀) နာရီ အချိန်အထိ လျှောက်ထားသူ စုစုပေါင်း ၁၀၆၀ ဦးခန့်ကို ရရှိပြီးဖြစ်ပါသည်။ ထို့ပြင် စဉ်ဆက်မပြတ် ဆက်လက်လျှောက်ထားလျှက်လည်း ရှိပါသည်။ သို့ဖြစ်ပါသဖြင့် covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျရာတာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် အဆိုပြုလာသော ကျန်းမာရေးဝန်ထမ်းအသီးသီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါသည်။

Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိမိဆန္ဒအလျှောက် အဆိုပြုလိုသူစာရင်းကောက်ခံခြင်း

အောက်ဖော်ပြပါ google form တွင်ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ https://forms.gle/uLBRinfHpHxo4Cb58 Loading…