covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိမိဆန္ဒအလျောက် အဆိုပြုသူစာရင်း(၂၅-၃-၂၀၂၀)

နေပြည်တော် ၂၅-၃-၂၀၂၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျရာတာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် အဆိုပြုနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၄-၃-၂၀၂၀ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။

လက်ရှိကာလ ၂၅-၃-၂၀၂၀ နေ့လည် (၁၂:၀၀) နာရီ အချိန်အထိ လျှောက်ထားသူ စုစုပေါင်း ၁၀၆၀ ဦးခန့်ကို ရရှိပြီးဖြစ်ပါသည်။ ထို့ပြင် စဉ်ဆက်မပြတ် ဆက်လက်လျှောက်ထားလျှက်လည်း ရှိပါသည်။

သို့ဖြစ်ပါသဖြင့် covid 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျရာတာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် အဆိုပြုလာသော ကျန်းမာရေးဝန်ထမ်းအသီးသီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါသည်။

Leave a Comment