ကုသရေးဦးစီးဌာန၊ (ဘဏ္ဍာရေးဌာနခွဲ)မှ ကမ္ဘာ့ဘဏ်အဖွဲ့နှင့်အတူ (၂၀၁၉-၂၀၂၀) ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့တွင် “ Electronic Monthly Implementation Reporting System Refresher Training ” ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေး / ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးမြင့်ကျော် မှ အဖွင့် အမှာစကားပြောကြားပြီး ဒေါ်မေမြတ်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနခွဲမှ လုပ်ငန်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အကျဉ်းကို ပြောကြားခဲ့ ပါသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများက ကိုယ်တိုင်မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

          ထို့နောက် ဒေါ်မြြမစီ(ကမ္ဘာ့ဘဏ်) မှ ဌစလချုပ်စာရင်းများကို Computer ဖြင့် စာရင်း ရေးသွင်းရာတွင် ဆောင်ရွက်ရမည့် Process အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသော စာရင်းကိုင်များအားလုံး Template ကို လွယ်ကူချောမွေ့စွာ အသုံးပြု နိုင်ရန် စာရင်းရေးသွင်းရမည့် နည်းလမ်းအဆင့်ဆင့်ကို ရုံးချုပ် ဝန်ထမ်းများက Computer ဖြင့် လက်တွေ့ဆောင်ရွက်ပြခဲ့ပါသည်။ ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော စာရင်းကိုင် တစ်ဦးချင်းစီအား ကိုယ်တိုင်ရေးသွင်း ရသည့်နည်းစနစ်ကို ကျင့်သုံးစေခဲ့ပြီး အခက်အခဲများ ရှိလျှင်လည်း တင်ပြရန်ပြောကြားခဲ့ပါသည်။ သင်တန်းသား/သူများ တင်ပြလာသော အခက်အခဲ များကို ဒေါ်စောသုနန္ဒာ(ကမ္ဘာ့ဘဏ်)မှ ပြန်လည်ရှင်းလင်းပြောကြားပြီး Window Update မဖြစ်သည့် စက်များကိုလည်း ရုံးချုပ်ဝန်ထမ်းများက Window Update ပြုလုပ်ပေးခဲ့ပါသည်။ ဦးစိုင်းနေလင်း (ကမ္ဘာ့ဘဏ်)မှ Template များ E Mail ပို့ခြင်းကို သင်ကြားပြသပေးပါသည်။ ရုံးချုပ် ဝန်ထမ်းများမှ သင်တန်းသားများ Template များရေးသွင်းခြင်းနှင့် E Mail ပို့ခြင်းတို့ကို ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *