ကချင်ပြည်နယ်တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးလုပ်ဆောင်ခြင်း

ကချင်ပြည်နယ်၊ နောင်မွန်းမြို့၊ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ မိုးလုံးထွန်းလင်းအောင် ဦးဆောင်မှုဖြင့် နောင်မွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ (၁၀-၂-၂၀၂၀) ရက်နေ့တွင် ရပ်ဘော့၊     (၁၁-၂-၂၀၂၀) ရက်နေ့တွင် နောင်မွန်၊ (၁၃-၂-၂၀၂၀) ရက်နေ့တွင် ကဆန်ခူးနှင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် ဂတ်ထု ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်း သင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများ ကွင်းဆင်း ကုသပေးခဲ့ပါသည်။

Leave a Comment