တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်:

ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် သည် ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာစောသက်လျာအောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၁၀-၁-၂၀၂၀) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး) ကုသရေးဦးစီးဌာန၌ ခရိုင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင် က –
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ
တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ
လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ
သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပါသည်။


ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၁၁-၁-၂၀၂၀) ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အတူ သီပေါမြို့နယ်ပြည်သူ့ဆေးရုံနှင့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံများ သို့ ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

Leave a Comment