အကြံပေးအတိုင်ပင်ခံ(၂)ဦး ခန့်အပ်ခြင်း

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်နှင့် Unicef (Myanmar)တို့ ပူးပေါင်း၍ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရန်အတွက် အကြံပေးအတိုင်ပင်ခံ(၂)ဦးအား ခေါ်ယူ၍ SOP Guidelines ရေးဆွဲ နိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်များသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် အကြံပေး အတိုင်ပင်ခံ (၂)ဦးတို့ဖြင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားအား(၇-၁-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) မှ SOP Guidelines for Medical Social Work သည် အမှန်တကယ်လိုအပ်နေသော လုပ်ငန်းဖြစ်၍ ပြည်ထောင်စုဝန်ကြီးမှ အလေးထားဆောင်ရွက်ရန်ရှိပါကြောင်း အဖွင့်အမှာစကားတွင်ထည့်သွင်း ပြောကြားခဲ့ပါသည်။ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာတွင် ကုသရေး ဦးစီးဌာနမှ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊  ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး (ကုသထောက်ကူ)၊ ဒေါ်နန်းခင်မာလေး၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)၊ Unicef (Myanmar) မှ Ms. Van Chi Pham, Child Protection Specialist, ဒေါ်နုဇုန်၊ Child Protection Officer, ဒေါ်နှင်းနှင်းနွယ်၊ Child Protection Officer တို့၏ ရှေ့မှောက်တွင် အကြံပေးအတိုင်ပင်ခံ (၂)ဦးဖြစ်သော ဒေါ်ယုဇနကျင်၊ B.A (Psyc;), M.A (Psychology), M.A (Health Social Science)နှင့် ဦးဇေယျာလင်း၊ B.A (English), BSocSc (Hons) (Social Work), MSW (Master of Social Work) တို့မှ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး(ကုသထောက်ကူ)နှင့် တက်ရောက်လာကြသူများမှ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးကြပြီး နံနက်(၁၁:၀၀)နာရီ တွင် အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

Leave a Comment