သွားကျန်းမာရေးအတွက် အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၁၁-၁-၂၀၂၀)ရက်နေ့တွင် အထူးဒေသ(၄)၊ မိုင်းလားမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများမှ ဆရာ/ဆရာမများ (၁၅၀-ဦး)အား ကျောင်းကျန်းမာရေးလှုပ်ရှားမှု(သွားကျန်းမာရေး)အတွက် အသိပညာပေး ဆင့်ပွား သင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့် ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ သည် မွန်ပြည်နယ် ကုသရေးဦးစီးဌာနမှူးနှင့်အတူ (၁၉-၁-၂၀၂၀) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) က ပြောကြားရာတွင် ဆေးရုံများအနေဖြင့် Patient Safety ကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အခြေခံ အရေးပေါ်ဆေးဝါးများ မပြတ်လပ်စေရန် အထူးဂရုထားကြစေလိုကြောင်း၊ ဆေးရုံတက်ရောက် လူနာများအား ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သေချာစွာ ရှင်းပြစေလိုကြောင်း၊ ဝန်ထမ်းများအား Communication Skills ကောင်းမွန်စေလိုကြောင်း၊ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် နှစ်ထပ်လူနာဆောင်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက် များတောင်းခံ၍ လမ်းညွှန်မှုခံယူရန် ပြောကြားဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာသီတာလှသည် တောင်စွန်းတိုက်နယ်ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် … Read more

အိတ်ဖွင့်တင်ဒါ ပစ္စည်းအမျိုးအစားများပြင်ဆင်သတ်မှတ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၁၉-၂၀၂၀) ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံ (JICA) အဖွဲ့ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိသော ရန်ကုန်အထူးကုဆေးရုံသစ်ကြီး (New Yangon Specialist Hospital) အတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားရာတွင် ပစ္စည်းအမျိုးအစားများကို အုပ်စုပြောင်းလဲခြင်း၊ Tender Premium များ ပြင်ဆင်ခြင်း၊ Specification များပြင်ဆင်ခြင်းနှင့် လိုအပ်သော Drawing များ ထည့်သွင်းပေးခြင်းတို့ကို ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးခဲ့ပါသည်။