ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ သည် မွန်ပြည်နယ် ကုသရေးဦးစီးဌာနမှူးနှင့်အတူ (၁၉-၁-၂၀၂၀) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) က ပြောကြားရာတွင် ဆေးရုံများအနေဖြင့် Patient Safety ကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အခြေခံ အရေးပေါ်ဆေးဝါးများ မပြတ်လပ်စေရန် အထူးဂရုထားကြစေလိုကြောင်း၊ ဆေးရုံတက်ရောက် လူနာများအား ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သေချာစွာ ရှင်းပြစေလိုကြောင်း၊ ဝန်ထမ်းများအား Communication Skills ကောင်းမွန်စေလိုကြောင်း၊ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် နှစ်ထပ်လူနာဆောင်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက် များတောင်းခံ၍ လမ်းညွှန်မှုခံယူရန် ပြောကြားဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဒေါက်တာသီတာလှသည် တောင်စွန်းတိုက်နယ်ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် ဆေးရုံရှိ ဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းလိုအပ် ချက်များအား မေးမြန်းခြင်း၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

Leave a Comment