Training of Trainer on Hospital Reception Services သင်တန်း ကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင်(၁၀၀)ဆံ့နှင့်အထက် ပြည်သူ့ ဆေးရုံများတွင်  ဆောင်ရွက်နေသည့် Hospital Reception Services လုပ်ငန်း ပိုမိုပြည့်စုံ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးတို့အား မွမ်းမံသင်တန်းပေး၍ သင်တန်းဆင်းပြီးပါက တိုင်းဒေသကြီး/ပြည်နယ်များတွင် စုရပ်ပြုလုပ်ပြီး Hospital Receptionist ဝန်ထမ်းများ အား ဆင့်ပွားသင်တန်းပြုလုပ်ပေး၍ ဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ သင်တန်းပေးခြင်း ဖြစ်ပါသည်။

 
သင်တန်းဖွင့်ပွဲအား (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် စတင်ပြုလုပ်၍ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)မှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲတွင်  ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ)မှ သင်တန်းဆင်းအမှာစကားပြောကြား၍ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(ပူးတွဲတာဝန်)၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သင်တန်းသို့   ဆေးလူမှုဆက်ဆံရေးဝန်ထမ်း သင်တန်း သား/သူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 

ယခုကျင်းပပြုလုပ်သော သင်တန်းသည် (၁၈-၁၂-၂၀၁၉)မှ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ (၃)ရက် သင်တန်းပေးပါသည်။ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျန််််််းမာရေးအသိပညာမြှင့်တင်ရေးဌာန)တို့ရှိ သင်တန်းဆရာများမှ Hospital Receptions, D/C Parade, Communication နှင့် ပြည်သူ့ ဆေးရုံအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းတွင် မိုဘိုင်းဖုန်း (သို့မဟုတ်) တက်ဘလက် (Mobile Phone/ Tablet)များဖြင့် QR code များအား Scan ဖတ်နည်း လမ်းညွှန်နှင့် ပတ်သက်သည့် ဘာသာရပ်များအား Role Play, Power Points, Presentations and Group Works များဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။

 

 

  

 

 

Leave a Comment