၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Japan Heart အဖွဲ့သည် “Human Resources Development Project for Cleft Lip and Palate Center of Myanmar” အနေဖြင့် ဂျပန်နိုင်ငံမှ သွားနှင့်ခံတွင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် (၉-၁၂-၂၀၁၉) ရက်နေ့မှ (၁၀-၁၂-၂၀၁၉) ရက်နေ့အထိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး-ခုတင် (၃၀၀) တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါသည်။