ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်ခြင်:

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး)အတွက် ဆရာ/ဆရာမများ(၁၈၀-ဦး)အား အသိပညာပေးဆင့်ပွားသင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် (၃-၁၂-၂၀၁၉) ရက်နေ့တွင် အ.ထ.က(၂) ကျိုင်းတုံမြို့ရှိ ဆရာ၊ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွ သွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း(၂၄၀)ဦးအား လိုအပ်သည့် ဆေးကုသမှု များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

Leave a Comment