ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြား ရေးမှူး(စီမံကိန်း)၊ ဒေါက်တာရဲမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကုသရေးဉီးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ဒေါက်တာနှင်းမြိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)နှင့် ဒေါ်စန္ဒီမွန်၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ပါဝင်သော အဖွဲ့ဝင်များသည် (၂၈-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ဆေးရုံအား ခုတင်(၅၀)ဆံ့ဆေးရုံမှ ခုတင်(၁၀၀)ဆံ့ဆေးရုံသို့ အဆင့်မြှင့်တင်ရန်နှင့် စိုင်ကောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ အင်းကန် ကျေးရွာ၊ သားမျှားကျေးရွာတို့တွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပေးရန် တင်ပြတောင်းခံခြင်းအပေါ် မြေပြင်တွေ့ရှိချက် များအား စိစစ်သုံးသပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ဆေးရုံ ခုတင်အဆင့်မြှင့်တင်ရန်နှင့် တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်အခြေခံမူများနှင့် ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေး ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ‌ တွေ့ဆုံညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

             

 

Leave a Comment