တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့

  • ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းစီမံချက်ကို ဆက်လက်ဆောင်ရွက် ခဲ့ရာ (၂၃-၁၁-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်မြို့ပေါ်ရှိဆေးရုံကြီး ၆ ရုံမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။

 

  • ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက –
    • ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ
    • တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ
    • လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ
    • သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။

  

  • ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၄-၁၁-၂၀၁၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး များဖြစ်သည့် ဒေါက်တာသန်းနိုင်ထွဋ်နှင့် ဒေါက်တာသန့်ဇင်တို့လိုက်ပါလျက် သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံ နှစ်ရုံသို့ ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေး မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       

 

Leave a Comment