(၂၀၂၀)ပညာသင်နှစ် ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာ ဒီပလိုမာဘွဲ့အတွက် လျှောက်လွှာခေါ်ယူခြင်း
Download pdf; http://54.145.229.125/wp-content/uploads/2019/11/ME-Training.pdf
Department of Medical Services
Ministry of Health
Download pdf; http://54.145.229.125/wp-content/uploads/2019/11/ME-Training.pdf
ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Hotel Melia၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်း ထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ညွှန်ကြားရေးမှူးချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်၊ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်Dr. Stephan Paul Jost … Read more
ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနခွဲမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား ကရင်ပြည်နယ်၊ ဘားအံမြို့၊ Khwe Ka Baung Motelတွင် (၁၃-၁၁-၂၀၁၉)မှ (၁၅-၁၁-၂၀၁၉)ထိ (၃)ရက်တိုင်အောင် မွမ်းမံသင်တန်း ပြုလုပ်ခဲ့ပါသည်။
မန္တလေးမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကိုယ်စားလှယ်၊ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်တို့ မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ … Read more