မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ရန်ကုန်၊ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel, ရန်ကုန်မြို့၌ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားကျန်းမာရေး စီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ် များနှင့် တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တည်းဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို ရေးဆွဲထားရှိပြီးဖြစ်သော SOP နှင့် Guideline များအား အပြီးသတ် … Read more

နေပြည်တော်တွင် Consultative Meeting on Development of Referral Guidelines ကျင်းပပြုလုပ်ခြင်း

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အရ Consultative Meeting on Development of Referral Guidelines ကို ၂၀၁၉-ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒေါက်တာသီတာလှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တို့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး /ပြည်နယ်ကုသရေးဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ် ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ကောင်းမွန်သော လူနာညွှန်းပို့စနစ် ပေါ်ပေါက်လာစေရေးအတွက် အမျိုးသားကျန်းမာရေးစီမံကိန်းလက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ … Read more