• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့် စစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ များ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ် အထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုသရေးဦးစီးဌာန ၃ ခု သို့ ကွင်းဆင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ –
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ၊ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ၊ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ကြပါသည်။
• ဆက်လက်၍ ခရိုင်/မြို့နယ်ပြည်သူ့ဆေးရုံ ၆ ရုံအား Check list ဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည် –
မွန်ပြည်နယ်ကုသရေးဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဆေးရုံနှင့် သထုံ အထွေထွေရောဂါကုဆေးရုံကြီး။ ကချင်ပြည်နယ်ကုသရေးဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်ဆေးရုံနှင့် မိုးကောင်း မြို့နယ်ဆေးရုံ။ ရှမ်းပြည်နယ်(တောင်) ကုသရေးဦးစီးဌာန၊ ပင်းတယမြို့နယ်ဆေးရုံနှင့် ကလောပြည်သူ့ဆေးရုံ များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။