ရန်ကုန်၊ ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ADB တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် GMS Health Security Project ၏ 2nd Year Annual Operation Plan အရ Training on Surveillance of Hospital-Acquired Infections (HAI) ကို နေပြည်တော်၊ Horizon Lake View Hotel ၌ (၃၁-၈-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ စီမံကိန်းဝင်မြို့နယ်များရှိ ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီး များ၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ADB မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါသင်တန်းကို Surveilllance System ကို ခြုံငုံနားလည်တတ်စေရန်၊ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအတွက် Surveillance လုပ်ငန်း၏ အရေးကြီးပုံကို နားလည်သိရှိစေရန်၊ ဆေးရုံမှတစ်ဆင့်ကူးစက်တတ်သောရောဂါများနှင့် ပတ်သက်သည့် ဗဟုသုတများ ပိုမိုတိုးတက်လာ စေရန်နှင့် ဆေးရုံများ၌ လက်တွေ့ဆောင်ရွက်နိုင်မည့် Hospital-Acquired Infections Surveillance လုပ်ငန်းများ စတင်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က Current Activities and Way Forward on IPC in GMS Health Security Project Hospitals ကိုလည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဇာညီက Overview of Surveillance System in Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့မှ ဆေးရုံအုပ် ဒေါက်တာသီတာဝင်းနှင့် ခုတင်-၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီး၊ မန္တလေးမြို့မှ ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းတို့က ၄င်း ဆေးရုံများ၌ ဆောင်ရွက်လျက်ရှိသော Surveillance of HAI လုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံများ ဆွေးနွေးတင်ပြခြင်းကိုလည်းကောင်း ဆောင်ရွက်ကြပြီး ကုသရေးဦးစီးဌာနနှင့် ADB တို့မှ တာဝန်ရှိသူများက Epidemiology of HAI, Surveillance of HAI နှင့် HAI များနှင့်ပတ်သက်သည့် ရောဂါအလိုက် Surveillance ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

   

   

Leave a Reply

Your email address will not be published. Required fields are marked *