မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှကျေးရွာများသို့ကွင်းဆင်းဆေးကုသခြင်း

မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ဆရာဝန်များ၊ သူနာပြုဆရာမများ ပါဝင်သောအဖွဲ့သည် မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိ ကံသာကုန်းကျေားရွာ၊ ကမ်းနီကျေးရွာ၊ ကညင်ဂဲကျေးရွာများသို့ ၂၀၁၉ ခုနှစ် မေလအတွင်း အခမဲ့ကွင်းဆင်းဆေးကုခရီးများ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ (၁၁-၅-၂၀၁၉) ရက်နေ့တွင် ကံသာကုန်းကျေးရွာ ဆေးကုသခရီးစဉ်တွင် ရွာသူ၊ရွာသား (၂၀၀)ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ(၁၃၆)ဦး အား အခမဲ့ ဆေးကုသခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ (၁၉-၅-၂၀၁၉)ရက်နေ့ ကမ်းနီကျေးရွာ ဆေးကုခရီးစဉ်တွင် ရွာသူ၊ရွာသား (၁၅၀) ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ (၁၃၂)ဦး အား အခမဲ့ ဆေးကုသခြင်း နှင့် (၂၅-၅-၂၀၁၉)ရက်နေ့ ကညင်ဂဲကျေးရွာ ဆေးကုခရီးစဉ်တွင် လူနာ (၄၀)ဦး အား အခမဲ့ ဆေးကုသမှု ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Comment