Training on Patient Safety ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

           ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ကုသမှုအရည်အသွေးမြှင့်တင်ရေးစီမံချက် မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် Training on Patient Safety ကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၉:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ် ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် – မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များအနေဖြင့် မိမိတို့၏ … Read more