စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

ကလေးဝမြို့၊ ဖေဖော်ဝါရီ (၁၀) ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကျန်းမာရေး၀န်ထမ်းများ နှင့် ဒေသခံပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။

ဆေးရုံ အဆောက်အဦသစ်ဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲပါသည်။ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံအဆောက်အဦသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှု၍ တက်ရောက်ကုသနေသော လူနာများအား ကူညီထောက်ပံ့ခဲ့ပါသည်။

Leave a Comment