ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား

  ရန်ကုန်၊ ဖေဖော်ဝါရီလ (၁၇)ရက်   ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က – • ရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို သင်တန်းများ အကြိမ်ကြိမ်ပေးအပ်၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှု များကိုလည်းကောင်း၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးနိုင်လင်းဦးနှင့် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူသက် တို့က – • မိမိတို့ ကျန်းမာရေး ဌာနများတွင် ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးစမ်းသပ်ကုသမှု ဆေးပေးခန်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခ … Read more

မြင်းခြံပြည်သူ့ဆေးရုံ၊ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦသစ် လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

  နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၁)ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း၌ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြင်းခြံပြည်သူ့ဆေးရုံ၊ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ်အဆောက်အဦသစ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အလှူရှင်များဖြစ်ကြသော သုခိတာမိသားစု ဒေါ်ချိုချိုဝင်းနှင့် ဒေါ်တင်အေးသန့် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်စတင်ဖွင့်လှစ်ခဲ့ပါသည်။      … Read more

ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ ပြည်ထောင်စုဝန်ကြီးထံလာရောက်တင်ပြ

  ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၄) ရက်      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နေ့လယ်​ပိုင်းတွင် ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများက လာရောက်တင်ပြခဲ့မှုကို ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ရိပ်သာ၌ လက်ခံတွေဆုံခဲ့ပါသည်။ ရှေးဦးစွာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက တင်ပြရှင်းလင်းရာတွင် – • ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန် စုစုပေါင်း မြို့နယ် (၇)မြို့နယ်တွင် ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားခဲ့မှုကြောင့် အဆိုပါမြို့နယ်များတွင် ဝက်သက် – … Read more