မြင်းခြံပြည်သူ့ဆေးရုံ၊ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦသစ် လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၁)ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း၌ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြင်းခြံပြည်သူ့ဆေးရုံ၊ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ်အဆောက်အဦသစ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အလှူရှင်များဖြစ်ကြသော သုခိတာမိသားစု ဒေါ်ချိုချိုဝင်းနှင့် ဒေါ်တင်အေးသန့် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်စတင်ဖွင့်လှစ်ခဲ့ပါသည်။ … Read more