ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့ ဆေးရုံတည်နေရာနှင့် ဓါတ်ပုံ
တည်နေရာ
တောင်ငူ ပြည်သူ့ဆေးရုံကြီးသည် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး နှင့် ကန်လမ်းထောင့် (၁၈)ရပ်ကွက်၊ တောင်ငူမြို့ပဲခူးတိုင်း(အရှေ့ခြမ်း) တွင်တည်ရှိပြီး တောင်ဘက်တွင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ဖြူးမြို့၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံ အုတ်တွင်းမြို့၊ ကညွတ်ကွင်း တိုက်နယ်ဆေးရုံ၊ ညောင်ပင်သာတိုက်နယ်ဆေးရုံ၊ ညောင်ခြေထောက်တိုက်နယ်ဆေးရုံ၊ ကျွဲပွဲတိုက်နယ်ဆေးရုံ၊ မြောက် ဘက်တွင် ခုတင်(၅၀)ဆံ့ ရေတာရှည်ပြည်သူ့ဆေးရုံ၊ အရှေ့ဘက်တွင် ခုတင် (၅၀)ဆံ့ ထန်းတပင် ပြည်သူ့ဆေးရုံ၊ ဇရပ်ကြီးတိုက်နယ်ဆေးရုံ၊ လှည်းလမ်းကူး တိုက်နယ်ဆေးရုံ၊ အနောက်ဘက်တွင် ညောင်ကိုင်း တိုက်နယ်ဆေးရုံ နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း ရှိပါသည်။
ဆေးရုံစတင်တည်ထောင်ခဲ့သော ခုနှစ် နှင့် သမိုင်းအကျဉ်းချုပ်
တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးကို ၁၉၄၅ ခုနှစ်တွင် ခုတင်(၅၀)ဆံ့ ခရိုင်ဆေးရုံ အဖြစ် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် ဖျားနာဆောင်၊ စိတ်ရောဂါကုသဆောင်၊ အရေးပေါ်ပြင်ပလူနာ ဌာနများ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။၁၉၅၈ ခုနှစ်တွင် ယခုနေရာဖြစ်သော ရန်ကုန်-မန္တလေးလမ်းဟောင်း ဘေးနှင့် ကန်လမ်းကြားသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ်တွင် ခုတင်(၁၅၀) ဆံ့ဆေးရုံသို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် နှစ်ထပ်ဆောင်အရိုးလူနာဆောင် နှင့်ကလေး ကုသဆောင်တို့ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် သံဃာဆောင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် တိုးချဲ့နှစ်ထပ်ဆောင်အဖြစ် ခွဲစိတ်နှင့်သားဖွားမီးယပ်ဆောင် တို့ကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၁ ခွဲစိတ်ခန်းနှင့်သားဖွားခန်းကို ဖွင့်လှစ်ခဲ့ပါသည်၊၊
၂၀၀၁ ခုနှစ်တွင် ခုတင်(၂၀၀)ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် အထူးကုပြင်ပလူနာဌာန စတင်ဖွင့်လှစ်ခဲ့ပါသည်။၂၀၀၇ ခုနှစ်တွင် မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း အဆောင်သစ်ကို ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ခွဲစိတ်ခန်းသုံး Oxygen Plant အဆောက်အဦ သစ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် အရေးပေါ်ဆေးကုသရေးဌာန (Emergency Medical Service)ကို ပြင်ပလူနာဌာနနှင့် တွဲလျှက်ဖွင့်လှစ်၍ လူနာများအားကြိုဆိုရန်နှင့် လိုအပ်သော သတင်းအချက်အလက်များပေးရန် လူနာများကြိုဆိုလက်ခံရေးဌာန (Reception Center)ကို စတင်ဆောင်ရွက်လျှက်ရှိပါသည်။ ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း အရေးပေါ် လူနာတင်ယာဉ်စနစ်အရ ၀န်ဆောင်မှုပေးမည့်အဖွဲ့ကို ညောင်ကိုင်းတိုက်နယ်ဆေးရုံတွင် (၂၄)နာရီ စီစဉ်ထားရှိပါသည်။
ဆေးရုံအဆောက်အဦများ၏ရာဇ၀င်
– ၁၉၄၅ ခုတင်(၅၀)ဆံ့ ခရိုင်ဆေးရုံစတင်ဖွင့်လှစ် (နော်မန်ကျောင်း)
– ၁၉၅၇ ဖျားနာဆောင်၊စိတ်ရောဂါကုသဆောင်၊မီးဖိုဆောင်၊အရေးပေါ်ပြင်ပလူနာဌာန
– ၁၉၅၈ လက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်
– ၁၉၅၉ ခုတင်(၁၅၀) တိုးမြှင့်
– ၁၉၇၄ နှစ်ထပ်ဆောင် အရိုး၊ ကလေးဆောင်တိုးချဲ့ဖွင့်လှစ်
– ၁၉၈၃ သံဃာဆောင် စတင်ဖွင့်လှစ်
– ၂၀၀၀ တိုးချဲ့နှစ်ထပ်ဆောင်- ခွဲစိတ်နှင့်သားဖွားမီးယပ်ဆောင်ဖွင့်လှစ်
– ၂၀၀၁ ခွဲစိတ်ခန်းနှင့်သားဖွားခန်း ဖွင့်လှစ်
– ၂၀၀၁ ခုတင်(၂၀၀) တိုးမြှင့်ဖွင့်လှစ်
– ၂၀၀၂ အထူးကုပြင်ပလူနာဌာန စတင်ဖွင့်လှစ်
– ၂၀၀၇ မျက်စိ၊ နား၊နှာခေါင်း၊လည်ချောင်း အဆောင်သစ်ဖွင့်လှစ်သည်
– ၂၀၁၅ ခွဲစိတ်ခန်းသုံး Oxygen Plant အဆောက်အဦ စတင်ဖွင့်လှစ်
– ၂၀၁၆ CT-Scan အဆောက်အဦ စတင်ဖွင့်လှစ်
– ၂၀၁၉ ကျောက်ကပ်ဆေးကုသမှုအဆောင် စတင်ဖွင့်လှစ်
– ၂၀၂၂ မိုင်ဒါကွင်းမှတောင်ငူပြည်သူ့ဆေးရုံကြီးသို့ Oxygen Plant ပြောင်းရွှေ့ဖွင့်လှစ်
ဆက်သွယ်ရမည့် လိပ်စာ
ဆေးရုံအုပ်ကြီးရုံးခန်း (ကြိုးဖုန်း) ၀၅၄-၂၈၂၃၃၁၁
အရေးပေါ်နှင့်ပြင်ပလူနာဌာန (ကြိုးဖုန်း) ၀၅၄-၂၈၂၃၇၃၀
E mail taungoogeneralhospital@gmail.com
Fax No. ၀၅၄-၂၈၂၃၃၁၁
ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
(က)အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား
အရေးပေါ်နှင့်ပြင်ပလူနာဌာနတွင် ပူးတွဲဖွင့်လှစ်ထားပြီး လိုအပ်ပါက အထူးကုဌာနများသို့ ညွှန့်ပို့ပေးပါသည်၊၊
(ခ) အထူးကုပြင်ပလူနာအချိန်ဇယား
အထူးကုဆရာဝန်ကြီးများမှ ပြင်ပလူနာကြည့်ရှုမည့်နေ့ရက်များ
စဉ် | ဌာနအမည် | နေ့ရက် | အချိန် |
၁၊၊ | ဆေးကုသဆောင် | တနင်္လာနေ့ မှ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂) နာရီမှ(၃)နာရီအထိ |
၂၊၊ | သွားနှင့်ခံတွင်း | တနင်္လာနေ့ မှ သောကြာနေ့ | နံက်(၉) နာရီမှ (၁၂)နာရီအထိ နေလည်(၂)နာရီမှ(၄)နာရီအထိ |
၃၊၊ | ခွဲစိတ် | အင်္ဂါနေ့၊ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂) နာရီမှ(၃)နာရီအထိ |
၄၊၊ | သားဖွား/မီးယပ် | တနင်္လာ၊ ဗုန္ဓဟူး(သားဖွား)၊ ကြာသပတေး(မီးယပ်) | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂) နာရီမှ(၃)နာရီအထိ |
၅၊၊ | ကလေး | တနင်္လာနေ့ မှ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂) နာရီမှ(၃)နာရီအထိ |
၆၊၊ | အရိုးရောဂါကုသဌာန | အင်္ဂါနေ့၊ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂) နာရီမှ(၃)နာရီအထိ |
၇၊၊ | ပြန်လည်သန်စွမ်းရေး ဆေးပညာ | တနင်္လာနေ့ မှ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂)နာရီမှ(၃)နာရီအထိ |
၈၊၊ | မျက်စိ | တနင်္လာနေ့၊ကြာသပတေးနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂)နာရီမှ(၃)နာရီအထိ |
၉၊၊ | နား၊နှာခေါင်း၊လည် ချောင်း၊ ဦးခေါင်းနှင့်ခွဲစိတ် | တနင်္လာနေ့၊ အင်္ဂါနေ့၊ ဗုန္ဓဟူးနေ့၊ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂)နာရီမှ(၃)နာရီအထိ |
၁၀၊၊ | အရေပြားအထူးကု | တနင်္လာနေ့မှကြာသပတေးနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂)နာရီမှ(၃)နာရီအထိ |
၁၁၊၊ | စိတ်ကျန်းမာရေး (လစ်လပ်) | တနင်္လာနေ့ မှ သောကြာနေ့ | နံက်(၉) နာရီမှ(၁၁)နာရီအထိ နေလည်(၂)နာရီမှ(၃)နာရီအထိ |
ပြည်သူလူထုထံသို့အသိပေးလိုသည့်အချက်များ
ပြည်သူ့ဆေးရုံကြီးတောင်ငူမြို့တွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူနာများ စိုက်ထုတ် ကုန်ကျမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်၊၊
အထူးကုဆရာဝန်ကြီးများဖြင့် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူနာများဆေးရုံမှဆင်းသည့်အချိန်တွင် လူနာနှင့်လူနာစောင့်များအား ဆေးရုံတက်ရောက် စဉ် ဆေးကုသမှုအပိုင်း၊ ဆေးရုံ၏ ဝန်ဆောင်မှုအပိုင်း၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုအပိုင်း တို့နှင့် ပတ်သက်၍ စိတ်ကျေနပ်မှု ရှိ/မရှိ (DC Parade) ပြုလုပ်၍ လိုအပ်ချက်များ၊ အကြံပြုချက်များအား အားပြုပြင်ဆောင်ရွက် ပေးလျက်ရှိပါသည်။
အရေးပေါ်လူနာများအား တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၂၄)နာရီကျန်းမာရေးစောင့် ရှောက်မှုပေးပါသည်။ အထူးကုပြင်ပလူနာဌာနတွင်လည်း သက်ဆိုင်ရာဘာသာရပ်အလိုက် အထူးကု ဆရာဝန်ကြီးများဖြင့် ကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။
ပြည်သူ့ဆေးရံကြီး
တောင်ငူမြို့