ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့၏ အချက်အလက်များ

(က)  ဆေးရုံတည်ရှိရာနေရာ

          ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့သည် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၊ ဆေးရုံကြီးလမ်း (တာရိုးလမ်း)ပေါ်တွင် တည်ရှိပြီး အရှေ့ဘက်တွင် ခရိုင်သစ်တောဦးစီးဌာနနှင့် စာတိုက်ဝင်း၊ တောင်ဘက်တွင် ပညာရေးကောလိပ်၊ မြောက်ဘက်တွင် နန္ဒဝန်ရပ်ကွက်တို့နှင့်ဆက်စပ်တည်ရှိ ပါသည်။

(ခ)  ဆေးရုံသမိုင်းအကျဉ်းချုပ်

          ပြည်သူ့ဆေးရုံအုပ်ကြီး၏ ကုတင်(၁၀၀)ဆံ့ မူရင်းအဆောက်အဦကို (၁၉၅၅-၅၆)ခုနှစ်တွင် ပြန်လည်ထူထောင်ရေး ဝန်ထမ်းတပ်ရင်း(၂)၊ တပ်ခွဲ(၃) က ဆောက်လုပ်လှူဒါန်းခဲ့ပြီး                 (၂၅-၄-၂၀၀၇) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးာနက ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင် ခွင့်ပြုခဲ့သဖြင့် တိုးချဲ့ပင်မအဆောက်အဦကို (၂၄-၁၁-၂၀၁၂)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၀-၁၂-၂၀၁၂)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

(ဂ)     ဆက်သွယ်ရန်လိပ်စာ

          ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်၊ စစ်ကိုင်းမြို့

          ဖုန်း -၀၇၂-၂၁၅၁၁ (ပြင်ပလူနာဌာန)၊ ၀၇၂-၂၁၀၃၅ (ဆေးရုံအုပ်ကြီးရုံးအဖွဲ့)

          Email: mssagainggh@gmailcom

          Google map link: Sagaing General Hospital (200 bedded), VXFG+7FM, Tar Yoe Lan           Street,Sagaing

(ဃ)    ဆေးကုသမှုပေးနိုင်သောဌာနများ

၁။      ပြင်ပလူနာဌာနနှင့်အရေးပေါ်ဌာန

၂။       ဆေးကုသဌာန

၃။      ကလေးကုသဌာန

၄။      ခွဲစိတ်ကုသဌာန

၅။      သားဖွားမီးယပ်ကုသဌာန

၆။      အရိုးကုသဌာန

၇။      သွားကုသဌာန

၈။      မျက်စိကုသဌာန

(င)     ပြင်ပလူနာပြသနိုင်သောအချိန်ဇယား

၁။      အထွေထွေပြင်ပလူနာ

          နေ့စဉ် နံနက်(၈:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်ထိ

၂။       အထူးကုပြင်ပလူနာ

စဉ်ကုသဆောင်အမည်ပြင်ပလူနာကြည့်ရှု့ရက်
၁။ဖျားနာကုသဆောင်တနင်္လာ၊ ကြာသပတေး နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ
၂။ကလေးကုသဆောင်တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့ နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ
၃။အရိုးကုသဆောင်အင်္ဂါနေ့၊ ကြာသပတေး နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ
၄။သွားကုသဆောင်တနင်္လာနေ့မှသောကြာနေ့ထိ နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ
၅။မျက်စိကုသဆောင်တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ 
၆။သားဖွားမီးယပ်ကုသဆောင်တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ 
၇။ခွဲစိတ်ကုသဆောင်အင်္ဂါနေ့၊ ကြာသပတေးနေ့ နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ 
၈။အကြောအဆစ်ကုသဆောင်တနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ နေ့လယ်(၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ 

(စ)     ပြည်သူလူထုသို့အသိပေးလိုသည့် အချက်များ

          ပြင်ပလူနာများအား နေ့စဉ် နံနက်(၈:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်ထိ ကုသ ပေးလျက်ရှိပြီး အရေးပေါ်လူနာများအား (၂၄)နာရီ ကုသပေးလျက်ရှိပါသည်။ Hospital Immunization ဆက်လက်ဖွင့်လှစ်ထားပြီး အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း အပတ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှုကို လစဉ် (၂၃)ရက်နေ့တွင် နံနက်(၉:၀၀)နာရီမှ (၁၂)နာရီအထိနှင့် နေ့လယ်(၂:၀၀)နာရီမှ (၄:၀၀)နာရီထိ အခြေခံကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သောဆေးကုသမှုများ ပြုလုပ်ပေးလျက် ရှိပါသည်။